抖阴社区

Part 18 The End (Unicode)

Start from the beginning
                                        

" စိတ်မဆိုးပါဘူး မ ရဲ့ မ က မင်းသမီးပဲဟာ ငယ်ကနားလည်ရမှာပေါ့ "

" ပိုချစ်ရပါတယ် ငယ်ရယ် "

" ဟင့်အင်း ငယ်က မ ထက်ပိုချစ်တယ် "

" ဟုတ်ပါပြီ ရှဉ့်ပေါက်ကလေးရေ "

" အိပ်တော့ဆို ဘာလဲ ငယ် အတူတူလာအိပ်ပေးရမလား ဟဲ ဟဲ "

ငယ်က စပ်ဖြီးဖြီးနဲ့ စ တော့ Jen နှာခေါင်းရှုံ့ပြလိုက်သည် ။ ထိုကလေးဟာ စချစ်ကတည်းက ခုချိန်ထိ နှုတ်ခမ်းကိုနမ်းတာကလွဲလို့ ဘာမှအဆင့်မကျော်ခဲ့ ။ သူအဆင့်ကျော်မယ်ဆိုရင်လည်း Jen ကကြည်ဖြူပေမယ့် သူမကိုယ်တိုင်က Jen အပေါ်မြတ်မြတ်နိုးနိုးတန်ဖိုးထားနေသည်မို့ Jen အချစ်ပိုရပြန်သည် ။

" Good Night ငယ် "

Jen က သူမပါးဖောင်းဖောင်းအိအိလေးကို နမ်းလိုက်သည် ။ သူမက Jen နဖူးလေးကိုနမ်းကာ Jen ကို‌သူ့ရင်ခွင်ထဲတွင်ထွေးပွေ့ထားလိုက်သေးသည် ။

" Good Night မ ။ အိပ်မက်ထဲထိ မ ကိုငယ် ချစ်ပေးမယ် "

" ပိုပြီ ရှဉ့်ပေါက်လေးကတော့ "

" တကယ်ပြောတာ Mandu လေးရဲ့ "

ဟုပြောပြီး Jen ပါး‌ဖောင်းဖောင်းလေးများကို မနာအောင် ကိုက်ဆွဲနေပြန်သည် ။ သူ့အပြုအမူတိုင်းက Jen အတွက်ဘယ်တော့မှရိုးမသွားဘဲ အမြဲရင်တွေခုန်နေရသည် ။

ချစ်သူတွေဖြစ်ပြီး တစ်ယောက်တစ်ခန်းစီခွဲအိပ်သော မ နှင့် ငယ် ပါပဲ ။

💭 ဒီက‌လေးပေါက်စကို မြန်မြန်လက်ထပ်ယူပြီး အတူတူအိပ်ရမယ် သူ့ရင်ခွင်ထဲအိပ်ချင်တာတောင် မအိပ်ခိုင်းဘူး အကျင့်ပုတ် ။ ယူပြီးခါမှ ရင်ခွင်ထဲကကို မခွာဘဲနေပစ်လိုက်ဦးမယ် ဟွန့် 💭

Jen တစ်ယောက်တည်း မကျေမနပ်တွေးပြီးခါမှ ကိုယ့်အတွေးကိုယ်ပြန်ရှက်နေမိသည် ။ ကိုယ်ဟာ သူနှင့်ကျမှ အနာဂတ်ကိုကြိုမျှော်လင့်ပြီး ရင်ခုန်တတ်နေပါ့လား .. ။

တစ်ဖက်ခန်းက Chaeng လည်း Jen လိုပဲတစ်ယောက်တည်းကြားရုံမျှ ပြောနေမိသည် ။

" မ နဲ့အတူအိပ်ချင်တာပေါ့ မ ရယ် ။ ကိုယ့်သမာဓိအားကို ကိုယ်သိလို့ တမင်ခွဲအိပ်တာ နို့မို့ဆို လက်မထပ်ရသေးခင် အဟင်း ဟင်း ~ "

For Chaeyoung ? CompletedWhere stories live. Discover now