抖阴社区

                                        

................

Jungkook rehearsal ပြီးတာနဲ့ Hotel ပြန်ဖို့ပြင်ရသည်...ညနေကျ ကောင်လေးကို အလည်ပို့ဖို့ပြောထားသည်မဟုတ်လား...

Hyg ကားမောင်းတာကို နောက်ခန်းကနေစီးနေရင်း မျက်လုံးများမှိတ်ကာ လိုက်ပါလာခဲ့သည်...Hotel ရောက်တဲ့အခါ မြင်ရမယ့်မျက်နှာလေးက Jungkook မျက်လုံးထဲပေါ်လာတော့ သူတောင်သတိမထားမိဘဲ ပြုံးမိသွားတာကို Hyg က သတိထားမိပုံရသည်...

"Kookie မင်းသတင်းတွေပျက်သွားလို့ စိတ်ချမ်းသာနေတာမလား"

"အင်း Hyg က မြန်သားပဲ"

"ဒါပေါ့"

Eunhan ညီငယ်ကို wink လုပ်ပြရင်း ပြုံးလိုက်မိသည်...တကယ်တမ်း သူကမြန်တာမဟုတ် သူ့ဦးလေး Jungkook ပါပါးကြီးက မြန်တာပင်ဖြစ်သည်....

Jungkook Idol ဖြစ်ကတည်းက အခုလိုအချစ်ရေးသတင်းမျိုးတစ်ခါပဲထွက်ဖူးသည် ...Jungkook မှာ အချစ်ဦးရှိခဲ့ဖူးသည်..Lee Soyoon တဲ့...အဲ့ကောင်မလေးနိုင်ငံခြားထွက်သွားလို့ Jungkook မူးရူးသောင်းကျန်းတဲ့ Video ပျံ့တုန်းကလည်း ခနပင် ချက်ချင်းပြန်ပျက်သွားတာဖြစ်သည်...

အဲ့တုန်းကမှ Eunhan တို့ ဖျက်မလို့ မူရင်းတင်သူကိုစုံစမ်းတုန်း Video က ကွိခနဲပျက်သွားတာမှ အစအနတောင်ရှာမရတဲ့အထိပင်...အဲ့ကတည်းကရင်း Eunhan သိလိုက်သည်...သူ့ဦးလေးလက်ချက်ဆိုတာကို ..သားကိုစိတ်ဆိုးသလိုနဲ့ နောက်ကွယ်ကစောင့်ရှောက်ပေးနေပုံရသည်...

Jungkook ကလည်းသိပုံမပေါ် သူလုပ်ပေးသည်ဟုသာယုံထားပုံရသည်..ဒီကောင်စိတ်ပြတ်သားချက်က လက်လန်သည်...သူ့အဖေကိုခုထိအဆက်အသွယ်မလုပ်...ဟိုကလည်း ဘာထူးလည်း ခေါင်းမာတာသားအဖလို့ပြောရင်မယုံမှာကျလို့...

ဒီကြားထဲ Eunhan မေမေကတစ်မှောက်ရယ် Jungkook ဖေဖေရဲ့ ညီမလို့မပြောရ...တအားခေါင်းမာသည်...သားဖြစ်တဲ့သူ့ထက် သူ့တူကိုပိုချစ်နေတာသာကြည့်တော့...အေးဆေးလေးဒေါက်တာလုပ်ရမယ့်သူက အခုတော့ ညီတော်မောင်နောက် တကောက်ကောက်လိုက်နေရသည်...

ရထားတဲ့ဆရာဝန်ဘွဲ့ကိုအားနာဖို့သင့်ကြောင်း...ဆေးထိုးအပ်ကိုင်နည်းတောင်မေ့တော့မှာဖြစ်ကြောင်း မေမေ့ကိုပြောပေမယ့် မောင်နှမနှစ်ယောက်ပေါင်းကာ Jungkook ကိုသာစောင့်ရှောက်ဖို့အမိန့်ချသည်...

? I'm Your' Fan ?(Completed)Where stories live. Discover now