抖阴社区

Part-6

3.8K 379 4
                                        

Jungkook ဒီနေ့ Stage သွားကြည့်ရင်းနဲ့ rehearsal လုပ်မှာမလို့ ပြင်ဆင်နေရင်း ph ဝင်လာခဲ့သည်...

"Hyg..."

"Kookie အခု သတင်းဖွင့်ကြည့်လိုက်"

Jungkook က ပြင်ဆင်နေတာမလို့ Hyg ကအရင် Stage ပေါ်ရောက်ကာ စစ်ဆေးနေရင်း ph ဆက်တာဖြစ်သည်...Jungkook သတင်းဖွင့်မိတော့ Twitter Trend မှာ မနေ့ကလေယျာဉ်ကွင်းမှာ Jungkook ကကောင်လေးငိုနေတာကိုဖက်ထားရင်း ဟိုကောင်တွေနဲ့စကားများနေတဲ့ Video...

Jungkook ခေါင်းကြီးသွားရသည်...Video က တင်တာ တစ်နာရီပင်မရှိသေး Jungkook နာမည်နဲ့မို့ Worldwide Trend တောင်ဝင်နေလေသည်...PD သိလို့မဖြစ်...Jungkook Hyg ဆီ ph ပြန်ခေါ်ရင်း Video ကိုဖျက်ခိုင်းဖို့ပြောရသည်....

တစ်ဖက်မှာလည်း Sky Group က CEO Jeon Jung Woo မှာလည်း ရတက်မအေးနိုင်ပေ...တစ်ဦးတည်းသော ချစ်သားလေးရဲ့ သတင်းတိုင်းသူစုံစမ်းရသည်..အခု ပျံ့နေတဲ့ Video ကိုလည်းချက်ချင်းပင်ဖျက်ခိုင်းရသည်...

သားနဲ့စိတ်ဆိုးပြီး စကားမပြောဖြစ်ကြပေမယ့် သားကိုသူသိပ်ချစ်ပါသည်...သားကသာသူ့ကိုစိတ်နာပြီးအဆက်အသွယ်မလုပ်တာ သူအကုန်သိသည်...သားကိုစောင့်ကြည့်ဖို့ လူတွေထည့်ထားပေမယ့် သားကလူလိမ္မာလေးမို့ ဘာသတင်းမှဆိုးဆိုးဝါးဝါးမထွက်...သူဝါသနာပါရာကို လမ်းဆုံးထိရဲရဲဝံ့ဝံ့လျှောက်ကာ ကြိုးစားတဲ့သားကြောင့် ပီတိဖြစ်ရသေးသည်...

သားကိုယုံတာကြောင့် သားနောက်လူတွေမထည့်တော့တာ ၂ နှစ်လောက်ရှိတော့မည်...အခုမနက် Trend ဖြစ်နေတဲ့ သား Video ကိုကြည့်တော့မှ သားကို လွှတ်ထားမိတာ မှားပြီဟုထင်နေရသည်...

သားက ကောင်လေးတစ်ယောက်ကိုရင်ခွင်ထဲဖက်ထားကာ ဒေါသတကြီးတစ်ဖက်လူတွေကိုပြောဆိုနေတာမျိုး သူအခုမှ မြင်ဖူးခြင်း...ပြီးတော့ သားသူငယ်ချင်းတွေက အကုန်လုံးသူ့အရည်အချင်းနဲ့သူကြိုးစားတဲ့ကလေးတွေဆိုပေမယ့် လိင်တူယူထားကြတာမို့ သူသိပ်ဘဝင်မကျပေ...သူ့သားကိုတော့ သူအဲ့လိုအဖြစ်မခံနိုင်ပေ...

သားဖက်ထားတဲ့ကောင်လေးကို သူစုံစမ်းရတော့မည်..သူထင်သလိုဟုတ်ခဲ့ရင် ကောင်လေးကိုသတ်ပစ်ဖို့လည်းသူဝန်လေးနေမှာမဟုတ်...သူက Korea ရဲ့ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်မဟုတ်လား...ငွေရှိရင်ဘာမဆိုဖြစ်နိုင်သည်ပဲလေ.....

? I'm Your' Fan ?(Completed)Where stories live. Discover now