抖阴社区

Part-27

3.7K 345 5
                                        

Jungkook တို့ပုဂံဘုရားတွေအနှံ့ဖူးတော့ မြင်းလှည်းစီးကြသည်...နေပူပေမယ့် Jungkook ကပျော်နေပုံရသည်...ဘုရားရင်ပြင်က ဈေးဆိုင်တန်းတွေကနေ ပုဂံရောက်အမှတ်တရဝတ်စုံဆင်တူဝယ်ဝတ်ရင်း တစ်ယောက်နဲ့တစ်ယောက်ကြည့်ကာ ရယ်မောမိသည်....

Jungkook က Camera ယူလာကာ တွေ့သမျှသူနှစ်သက်ရာဓာတ်ပုံတဖျတ်ဖျတ်ရိုက်တော့သည်...သေချာတာတော့ Tae ပုံတွေများများရယ်ပါ....

Couple photo ရိုက်တော့ နှစ်ယောက်လုံး လက်ပေါ်က ပန်းချီဆွဲထားတာလေးတွေမှာထင်းလို့...Jungkook က သဘောကျနေတော့သည်...

Tae သီးသန့်ဝယ်ပေးတဲ့ ပုဂံရိုးရာချည်လွယ်အိတ်လေးကိုသဘောအကျဆုံးဟုဆိုသည်...Tae ဆီက ဒုတိယလက်ဆောင်ဟုပြောသေးသည်...

Korea ပြန်ရောက်ရင် ပုံတင်မယ်တဲ့...အမှန်တိုင်းပြောရရင် Jungkook ကိုမခွဲချင်ပါ...Tae အနားအမြဲရှိစေချင်သည်...

"Jungkook..."

"ဟင် ကလေး"

Jungkook နဲ့အတူ မြင်းလှည်းစီးကာ တည်းခိုတဲ့နေရာဆီပြန်လာရင်း အဝေးကရှုခင်းတွေဆီပြုံးကြည့်နေတဲ့ Jungkook က Tae ခေါ်သံကြောင့် နူးညံ့စွာထူးလာသည်....

"Jungkook ပြန်ဖို့မလိုတော့ဘူးနော် ကျွန်တော် မန္တလေးတို့ တောင်ကြီးတို့ လိုက်ပို့ချင်သေးတာကို အရမ်းလှတာသိလား"

Jungkook က Tae လက်လေးကိုဆုပ်ကိုင်ထားရာမှ ဖျစ်ညှစ်ရင်း

"ကလေးတို့နိုင်ငံက လှတယ်ဆိုတာကိုယ်သိပါတယ်...ကိုယ်တို့လက်ထပ်ပြီးမှ အနှံ့လည်ပတ်ကြမယ်လေ...အခုတော့ ဒီလောက်နဲ့တင်လုံလောက်ပါပြီကလေးရယ်...ကလေးလည်းပင်ပန်းတယ်လေ"

"ကျွန်တော်က Jungkook နဲ့အကြာကြီးရှိနေချင်တာ"

"ကလေးက မိဘတွေကိုခွဲနိုင်လို့လား"

Tae ခေါင်းယမ်းပြသည်....Jungkook ကပြုံးရင်း

"ကလေးမိဘတွေကရော ကလေးတို့ယဉ်ကျေးမှုကိုဆန့်ကျင်ပြီး ကိုယ်နဲ့သဘောတူမှာလား...တူရင်ရော ကိုယ့်နိုင်ငံဆီသူတို့လိုက်နေနိုင်မှာလား"

"ဟင့်အင်း...Jungkook လာနေရင်ဖြစ်တာပဲမလား ...Jungkook လာနေမှာမလားဟင်"

? I'm Your' Fan ?(Completed)Where stories live. Discover now