"မေမေ"
သောကပြုံး၍ အမေ့ကို ခရီးဦးကြိုလိုက်သည်။
"လာ မေမေ့သားလေးကို လွမ်းနေတာ ဖက်ပါရစေအုံး"
လက်ဆန့်တန်းလာသော အမေ့ရင်ခွင်ထဲသို့ ကလေးတစ်ယောက်ကဲ့သို့ တိုးဝင်မိသည်။ တောင်ကြီးဆေးကျောင်းတွင် တက်နေသော သူ့ကို အမေက နွေရာသီတိုင်း လာတွေ့လေသည်။ တောင်ကြီးမှာ ကျောင်းတက်စဥ် ကာလပတ်လုံး သားသမီးမရှိတဲ့ အဒေါ်နဲ့ဦးလေးတွေက အိမ်မှာ လိုလေသေးမရှိ ထားလေသည်။
"မေမေ့သားလေး သင်္ကြန်မလည်ဘူးလား"
အမေက မေးလေတော့ သူခေါင်းရမ်းလိုက်သည်။ သူ့မှာ သင်္ကြန်လည်ရန် လာခေါ်မည့် အပေါင်းအသင်းဟူ၍ မရှိပါ။ ရှိသည့် အပေါင်းအသင်းကလဲ *နန်းနွယ်ပယင်း* ဟုခေါ်သော ရှမ်းပအိုဝ့်မလေးတစ်ယောက်။ ထိုတစ်ယောက်ကလဲ ကျောင်းမှာသာ သွက်လပ်ပေမဲ့ သင်္ကြန်ကိုတော့ အိမ်တွင်းပုန်းချင်သူဖြစ်သည်။
"မေမေ အိမ်ထဲဝင်မယ်လေ။ အထုတ်တွေပေးပါ"
အမေ့လက်ထဲမှ အထုတ်တွေပြောင်းယူလေတော့ ပြုံး၍သာ သူ့ကိုကြည့်နေတော့ ဖေဖေ့ကို တွေ့ရသည်။ ပြန်လည်ပြုံးပြလေတော့ လက်နှစ်ဖက် ဆန့်တန်းကာ ခေါ်လေသည်။ သူလဲ အဖေ့ကို ပြန်လည်ဖက်တွယ်လိုက်သည်။
အသက်ကြီးလာ၍ အရာရာရင့်ကျက်သွားခဲ့သည်ဟု ဆိုမလား။ သူ့မိဘတွေက သူ့ကိုပြစ်ထားပြီး ဂရုမစိုက်သူတွေ မဟုတ်မှန်း သောက ရိပ်မိလာသည်။ အရာရာသာလွန်သည်ထက် ဖြည့်ဆည်းပေးသော မိဘတွေရဲ့ စေတနာကို သူနားလည်လာသည်။ မိဘပြစ်ထား၍ အားငယ်တတ်သော ကောင်ငယ်လေး မဟုတ်တော့ပါ။ အဆင်ပြေပြေနေတက်လာပြီ ဖြစ်သည်။
အထုတ်တွေဆွဲကာ အိမ်ထဲသို့ ဝင်ခဲ့လိုက်သည်။ အဒေါ်တွေ ဦးလေးတွေနဲ့ အမေတို့က စကားလက်ဆုံကျနေသည်မို့ သောကအိမ်ပေါ်သို့သာ တက်လာခဲ့သည်။ ပြတင်းပေါက်ကို ဖွင့်၍ စာဖတ်မယ်လုပ်လေတော့ စာကြည့်စားပွဲပေါ်က ဓာတ်ပုံလေးဆီ အကြည့်ရောက်သည်။
ပန်းခြံတစ်ခုရဲ့ ရွှေရောင်ငါးရုပ်ကြီးကို နောက်ခံထားကာ ရိုက်ကူးထားသော ပုံထဲတွင် ပြုံးရယ်နေတဲ့ကောင်လေးက ကြောင်စီစီမျက်နှာဘေးနဲ့ ကောင်လေးကို ပုခုံးဖက်ထားလေသည်။ သောက ထိုပုံလေးကို ကြည့်ကာ သဘောတကျ ပြုံးလိုက်မိသည်။ ထို့နောက် စာအုပ်ကို ကိုင်ကာ ဝရံတာသို့သာ ထွက်လာခဲ့လိုက်သည်။
YOU ARE READING
?????????? (completed)
Romance?? fic ????? username mhaingnge ?????? wp acc ??????????????? ????? wp error ?????????? ????????????????????????? acc ?? ?????????????????????? ????????? ????????????????? ??????? ??fic ??????? ?????????????? ?fic ??? ????????? ?????????????????????...
ep24 (Unicode)
Start from the beginning
