(Unicode)
"မေမေ နေညို မုန့်သွားပို့လိုက်ဦးမယ်"
"အေး အေး၊ ဘုရားစာရွတ်ပြီး ဆိုင်ကယ်မောင်းနော်"
"ဟုတ်"
မလိမ်တတ်၊ လိမ်တတ်နဲ့ လိမ်နေရတာမို့ စကားကို ပနံသင့်အောင် မစီတတ်တော့ပါ။ ဒါတောင် ဖေဖေ အိပ်ပျော်နေလို့ နေညို ကံကောင်းတယ် ပြောရမည်။ အဆင့်သင့်ထုတ်ထားတဲ့ မုန့်အိတ်လေးကို ဆွဲယူကာ အောက်ဆုံးထပ်ကို ဆင်းလာခဲ့ပါသည်။
အချိန်က ၁နာရီကျော်ပဲ ရှိသေးသည်။ ပုသိမ်ကြီးကနေ အရှေ့ကျုံးထိဆိုရင် မိနစ်၂၀ကျော်ကြာနိုင်တာမို့ ခုနေထွက်မှ တော်ကာကျမည်။ ပြင်းလွန်းတဲ့ နေအပူကို နေညိုမခံနိုင်လို့ ဒီလိုအချိန်ဆို အပြင်သိပ်ထွက်လေ့မရှိ။ အဲ့တာကြောင့် မှာလာသမျှမုန့်ကို မနက်တပိုင်းနဲ့တင် ပြီးအောင်ပို့သည်။ မေမေတို့က အထူးအဆန်းလုပ်ပြီး မမေးလို့ တော်ပါသေးရဲ့။
ကိုတိုင်း စောင့်နေမယ်ဆိုတဲ့စိတ်နဲ့ အရှိန်မြန်မြန် မောင်းထွက်လာခဲ့ပေမဲ့ အနှောင့်အယှက်က ကြိုကာစောင့်နှင့်နေပြီ။မလှမ်းမကမ်းမှာ ရပ်စောင့်နေသူက ထွဋ်ဘုဏ်းရှိန်..။ ဒီလိုဆိုင်ကယ်၊ ဒီလိုပုံစံနဲ့ အဲ့သစ်ပင်အောက်မှာ စောင့်တတ်တာ ဒင်းတစ်ယောက်ပဲရှိသည်။
ထွဋ်ဘုဏ်းရှိန်ကို နေညိုတကယ်စိတ်ကုန်နေပြီ။ စိတ်ကလေးဘာလေးများ မနာတတ်ဘူးလား။ ဟိုတစ်နေ့က အပြတ်ပြောပြီးသား၊ နေညို့မှာ ဘာမှထပ်ပြောစရာမရှိ။ မသိချင်ယောင်ဆောင်ကာ ဆိုင်ကယ်ကို ဖြတ်မောင်းလာခဲ့သည်။ ဒါပေမဲ့ နောက်ကနေ လိုက်လာမယ့် ဒင်းအကြံကို နေညို ကြိုမမြင်မိတော့...
"ရွှေနေညို! ဆိုင်ကယ်အခုရပ်"
"မရပ်ဘူး၊ ငါ့ကို မနှောင့်ယှက်ပါနဲ့လို့ ငါ ဘယ်နှစ်ခါပြောရမလဲ"
ထွဋ်ဘုဏ်းရှိန်က သူ့ဆိုင်ကယ်ကို နေညို့ဆိုင်ကယ်ဘေးကနေ ချိတ်တော့မတက် ကပ်မောင်းသည်။ နေညို အရှိန်မြှင့်လေ..၊ ဒင်းက ပိုဆိုးလေ။ ထွဋ်ဘုဏ်းရှိန်လုပ်ပုံက လူမြင်လို့လည်းမကောင်း၊ သူမြင်လို့လည်းမကောင်း..။
"ကျစ်.. ရည်းစားစကား လိုက်ပြောနေတာမဟုတ်ဘူး၊ သတင်းပေးမလို့!! တိုင်းကမ္ဘာ ဆေးရုံမှာ"

YOU ARE READING
4.???????????? / ???????????? (Completed)
Romance???????????? ????????????????? ????????? ???????????????????? ????????? ???????????? (10.10.2021 - 2.01.2022) ???????????? ???????????????? ????????? ???????????????????? ????????? ????????????