(Unicode)
'နေရိပ်ညို' ဘီယာဆိုင်..။ ပုသိမ်ကြီးမြို့နယ်အဝင်က ခြံကျယ်ကျယ်ထဲမှာ သစ်ရိပ်ဝါးရိပ် မြိုင်မြိုင်နဲ့ သပ်သပ်ရပ်ရပ် ဖွင့်လှစ်ထားသည်။ အစွန်ကျသောနေရာမှာဖြစ်တာမို့ သွားလာသူ လူတန်းစားမရွေး သောက်သုံးလို့ရအောင် ဈေးကြီးကြီး အမြည်းဟင်းလျာတွေထက် မြေပဲဆားလှော်၊ စာကလေးခွေကြော် စသည်ဖြင့် အမျိုးအမြည် စုံလင်စွာ ရရှိနိုင်သည်။
ဝန်ထမ်းများက သွက်လက်ဖော်ရွေကြတဲ့အပြင် 'ငါးခွက်သောက် တစ်ခွက်လက်ဆောင်' အစီအစဉ်ပါ ရှိတာကြောင့် ဆိုင်ဖွင့်ချိန် မွန်းလွဲ၁၁နာရီကစပြီး လူပြတ်တယ်ရယ်လို့မရှိ။ အသက်ငယ်ငယ် သမီးယောက်ဖ နှစ်ယောက် ဦးစီးတယ်လို့ သိရပြီး ဆိုင်မှာ တစ်ယောက်မဟုတ် တစ်ယောက်တော့ အမြဲရှိတတ်သည်။
မျက်နှာပေး အမျိုးမျိုးနဲ့ ပဲများတဲ့ ဆိုင်ပိုင်ရှင်ကိုတော့ ညခင်းပိုင်းမှာ သိပ်မတွေ့ရ..။ ညနေလေးနာရီမထိုးခင်တိုင်း ဆိုင်ကယ်ကို အသားကုန်မောင်းပြေးတတ်သည်။ မျက်နှာဝိုင်းဝိုင်းနဲ့ ဆိုင်ပိုင်ရှင်ကတော့ ညပိုင်းအထိုင်များပေမဲ့ ညနေငါးနာရီကျော်ရင် ကားတစ်စီးက လာလာခေါ်တတ်သည်။
ပိုင်ရှင်နှစ်ယောက်စလုံးက သဘောကောင်းကြပါသည်။ ဆိုင်နေရာ အကွက်အကင်းလည်း ကောင်းသည်။ အရင်ပိုင်ရှင်လက်ထက်တုန်းက လူဝင်နည်းသလောက် အခုကျ စည်စည်ကားကားရှိလှသည်။ ငယ်ငယ်ရွယ်ရွယ်နဲ့ စီးပွားရှာတတ်ကြသားလို့ ဘေးပတ်ဝန်းကျင်ကတောင် ချီးကျုးပါသညိ။
"ဟယ်လို မိုးညို.. ငါရောက်ပြီ ထွက်ခဲ့တော့"
"အေး လာပြီ၊ ငါကလေးတွေကို မှာနေလို့"
ညနေ၅နာရီထိုးနေပြီ။ ဂျလည်ကောင်က ရွှေနေညိုကို အကြောင်းပြပြီး စောစောပြန်လစ်တော့ တိုင်းရဲ့မိုးညိုကပဲ ညပိတ်တာဝန်ကို နေ့တိုင်းယူရသည်။ ဆိုင်နဲ့အိမ်က သိပ်မဝေးတာကြောင့် ညအပြန်ကို စိတ်အေးရသော်လည်း တစ်နေ့တစ်နေ့ မျက်နှာလေးမြင်ဖို့ကို အချိန်နည်းပါးလွန်းလှသည်။ အဲ့တာကြောင့် ရုံးဆင်းတာနဲ့ အပြေးလေးလာတွေ့ရတာ အမော..။ ကားဆီကို ကဗျာကယာ ပြေးထွက်လာသူလေးလည်း မောရှာတော့မည်။

YOU ARE READING
4.???????????? / ???????????? (Completed)
Romance???????????? ????????????????? ????????? ???????????????????? ????????? ???????????? (10.10.2021 - 2.01.2022) ???????????? ???????????????? ????????? ???????????????????? ????????? ????????????