抖阴社区

Intro Unicode

11.3K 87 2
                                        


Mature senceတွေအပြင် 18+ senceများပါဝင်နိုင်ပါသဖြင့် ငယ်သူလေးတို့မဖတ်ကြပါဖို့ပြောချင်ပါတယ်

🚨

🚨

🚨

🚨

🚨




"Knock knock"

အထဲကဘာမှတုံ့ပြန်သံမှ ပြန်မလာပေမယ့်အခန်းရှေ့က စားပွဲထိုးမလေးက တံခါးနှစ်ချက်ခန့်ခေါက်ပြီးတာနဲ့ အထဲကိုဝင်ရောက်သွားသည်။အခန်းထဲတွင်ဘယ်သူမှမရှိနေဘဲ ထိန်ထိန်လင်းကာ အလှကုန်ပစ္စည်းများဖြင့်ပြည့်နှက်နေတဲ့အခန်းက ကြည့်လိုက်တာနဲ့အလှပြင်ခန်းမှန်းသိသာလှတယ်

သူမလက်ထဲကစာကို အခန်းထဲကမှန်တင်ခုံကြီးပေါ်မှာ သေသေချာချာလေးတင်ပြီးတာနဲ့ စားပွဲထိုးမလေးကြာကြာမနေရဲဘဲ ခပ်သုတ်သုတ်ပြန်ထွက်သွားလေတယ်

ငြိမ်သက်နေတဲ့အခန်းထဲက အမှောင်ဘက်ခြမ်းကျနေတဲ့ ဝရန်နာဘက်မှာ တစ်စုံတစ်ဦးရှိနေသည်။ ထိုသူဆိုတာက တုနှိုင်းမဲ့အလှတရားတွေနဲ့ပြည့်နှက်နေတဲ့ အမျိုးသမီးတစ်ယောက်ဘဲ!

ရွှေအိုရောင်ဆံပင် အပြာလဲ့လဲ့မျက်ဝန်းတွေနဲ့ နှင်းဆီဖူးလိုနှုတ်ခမ်းပိုင်ရှင် ရှိုက်ကြီးရင်ဖိုအသွယ်သွယ်နဲ့လှပလွန်းတဲ့သူမက ပုရိသတို့ကိုလှည့်စားလွန်းတတ်တယ်တဲ့

ကောက်ကြောင်းပေါ်ကြိုးတစ်လုံးဂါဝန်ကိုဝတ်ဆင်ထားပြီး ဖြောင့်စင်းသွယ်တန်းလှတဲ့ သူမရဲ့လက်ချောင်းလှလှတွေနဲ့ မှန်တင်ခုံရှေ့ကစာကို လှမ်းယူကာဖတ်လိုက်တယ်

ပြီးတော့သူမကိုယ်သူမ မှန်မှာပြန်ကြည့်လိုက်ရင်း ဆွဲဆောင်မှုအပြည့်နဲ့လှပတဲ့အပြုံးကိုပန်ဆင်လိုက်ကာ တစ်လှမ်းချင်းအခန်းထဲမှထွက်သွားလေတယ်..

🍒🍒🍒🍒🍒🍒🍒🍒

#May

အာဝါး စိတ်ကူးပေါက်လာလို့ချရေးလိုက်တာ အရှေ့ကဟာလေးတွေရှိသေးလို့ နဲနဲတော့ကြာဦးမှာပါ

ဘယ်လိုလဲရော ငယ်လေးတို့သဘောကျရင် မေဆက်ရေးဖြစ်မယ်ထင်တယ် Oh! အသက်မပြည့်တဲ့ဘေဘီလေးတွေမဖတ်ရ ဥထားရန်

Just need you // ????????????????????? (OC)Where stories live. Discover now