抖阴社区

Ch-1

7.7K 53 0
                                        

စာတန်း​လေးတစ်​ခု 'VIP Cus´

ထိုအခန်းထဲဝယ်​ companyပိုင်​ရှင်​ကြီး​တွေရှိသလို သူ​ဋ္ဌေးများလဲရှိ​နေတယ်​။

အဲ့ထဲမှ ​ငယ်​လဲငယ်​သလို​ချော​မောတဲ့​ယောင်္ကျားပျိုတစ်​ဦးက​တော့ ​ဘေးကအ​ဖော်​တစ်​​ယောက်​မှမရှိပါဘဲ မျက်​​မှောင်ကြုပ်ကာ​​​ခြေချိတ်​ထိုင်​လျက်​ အလိုမကျစွာဆေးလိပ်​ကိုခဲ​​လျက်​။

ထိုလူငယ်​မှာသူတို့လိုချင်​တဲ့အရာ​တွေကို ချုပ်​ကိုင်​နိုင်​တဲ့သူတစ်​ဦးဖြစ်​တာ​ကြောင့်​ သူတို့ကမျက်​နှာလိုချင်​ လာဘ်​ထိုးချင်​တာ​ကြောင့်​ဒီ​နေရာမှာချိန်းခဲ့​သော်​လဲ မ​မျှော်​လင့်​ပါဘဲ ပြဿနာတစ်​ခုကဖြစ်​​နေ​လေတယ်​။

တိုက်​ဆိုင်​တာလား​တော့မ​ပြောတတ်​​ပေမယ့်​ ဒီ​နေရာကသူအမြဲလာ​နေကြဖြစ်​ပြီး လာ​ရတဲ့အ​ကြောင်းအရင်းမှာလဲ 'သူမ´နှင့်​​တွေ့ရန်​တဲ့

သူတို့ယူလာတဲ့လာဘ်ပကာသဏ​တွေကို သူကတစ်​ချက်​​တောင်​ငဲ့မကြည့်​ပါဘဲ သူ့လက်​​ထောက်​မှတစ်​ဆင့်​ ဆိုင်​ဝန်​ထမ်းအားတစ်​စုံတစ်​ဦးထံ​ပေးခံလိုက်​​သည်​ကို သူတို့အံ့သြနှ​မြောစွာကြည့်​​နေရသည်​။ ဘယ်​လိုဖြစ်​လို့ဒါ​တွေကိုဖြုန်းပစ်​လိုက်​ရတာလဲ သူ​ဋ္ဌေး​လေးရယ်​!

အချိန်​အ​တော်​ကြာပြီဖြစ်​​သော်​လဲ သူ​မျှော်​​နေ​သောထို 'သူမ´ကို သူတို့လဲမ​တွေ့မမြင်​ရ​သေး​ပေ။ သူစိတ်​မ​ပျော်​မရွှင်​သ၍ သူတို့ရဲ့အ​ရေးကိစ္စကလဲမ​အောင်​မြင်​နိုင်​တာ​ကြောင့်​ သူတို့ပါ​ရောင်​ရမ်းပြီးတ​မျှော်​​မျှော်​ဖြစ်​​နေရ​တော့တယ်​။

ထိုစဉ်​ တံခါး​ခေါက်​သံတစ်​ခုကိုကြားလိုက်​ရပြီး အနဲငယ်​​မှောင်​မိုက်​​နေ​သောထိုအခန်းအား ​တောက်​ပ​သောအလင်း​ရောင်​ကိုယူ​ဆောင်​လာသည့်​အလား ချိုမြိန်​စွဲမက်​ဖွယ်​​ကောင်း​သောအလှနှင့်​မိန်းမငယ်​​လေးတစ်​ဦးဝင်​​ရောက်​လာ​လေတယ်​။

ထိုမိန်းမပျိုမှာ သူ့ထံသို့တန်းမတ်​စွာ​လျှောက်​သွားပြီး သူ့ရဲ့ဆန့်​တန်းထားတဲ့လက်​ထဲသို့ သူမရဲ့သွယ်​လျတဲ့လက်​​လေးကိုကမ်းလိုက်​တဲ့အခိုက်​ သူ​ဋ္ဌေးငယ်​​လေးမှာ​မှော်​ဆန်​စွာဖမ်းစားခံလိုက်​ရတဲ့အလား ဖမ်းရန်​ကြိုးစားလိုက်​​သောလဲ သူမမှာ ပန်း​ရောင်​စာ​လေးတစ်​​စောင်​​​ပေးကာ အခန်းထဲမှထွက်​သွား​တော့သည်​။

Just need you // ????????????????????? (OC)Where stories live. Discover now