စုရွေ့ကျယ်သည်လည်း ဗီလာအားသဘောကျသည်။ ထိုနေရာတွင် အထပ်နှစ်ထပ်နှင့် ထပ်ခိုးတစ်ခုရှိကာ အိပ်ခန်းသုံးခန်း၊ လသာဆောင်နှစ်ခု၊ ရေချိုးခန်းနှစ်ခန်း၊ ကားဂိုထောင်တစ်ခုနှင့် မြေအောက်ခန်းတစ်ခု အပြင်ဘက်တွင် နံရံများနှင့် သံတံခါးများနှင့်ဖြစ်သည်။ ပျက်ကပ်ကြီးရောက်လာမည့်အချိန်အတွက် အမှန်တကယ်ကိုလုံခြုံလေသည်။
ကျန့်ယွင် စုရွေ့ကျယ်အား ကားဂိုထောင်ဆီသို့ခေါ်သွားသောအခါ ကားဂိုထောင်ထဲတွင် စစ်တပ်သုံး အစိမ်းရောင်ဂျစ်ကားတစ်စီးအားတွေ့လိုက်သည်။
“အဲ့ဒိကားက ကိုယ်တို့ ထွက်ပြေးရတဲ့အခါအတွက်လေ။ နောက်ယောင်ခံလိုက်ခံရတာတွေ၊ တိုက်မိတဲ့ ဖြစ်နိုင်ခြေတွေကိုထည့်စဉ်းစားပြီး အထူးသဖြင့် ကိုယ်တို့ ပိုကြာရှည်ခံမယ့် အမျိုးအစားကိုရွေးထားခဲ့တာ။”
ကျန့်ယွင်သည် စုရွေ့ကျယ်အား ဂုဏ်ယူစွာ ပြောလိုက်၏။
“မင်းကြည့် ကိုယ်က အိမ်တစ်လုံးနဲ့ကားတစ်စီးနဲ့ လူတစ်ယောက်လေ မှန်တယ်မလား? ”
စုရွေ့ကျယ်မျက်တောင်ခတ်လိုက်ပြီး ရိုးသားစွာမေးလိုက်၏။
“ဒါပေမယ့်...ဒီအိမ်နဲ့ကားက ခင်ဗျားပိုင်တာလား? ”
ကျန့်ယွင် : “....”
ကျန့်ယွင် လက်ဆန့်ကာ စုရွေ့ကျယ်၏နူးညံသည့်ပါးလေးအားဖျစ်ညစ်လိုက်သည်။ သူဒေါသတကြီးနှင့် တိတ်တိတ်လေးပြောလိုက်၏။
“ဒါက ကိုယ့်ကိုပြည်သူလူထုကပေးထားတာ”
စုရွေ့ကျယ်၏ မျက်နှာသေးသေးလေးသည် ကျန့်ယွင် ဖျစ်ညစ်ထားသဖြင့် ပုံပျက်လာလေသည်။ ထို့ကြောင့် မကျေမနပ်နှင့် ခွင့်လွှတ်ပေးရန်သာတောင်းဆိုနိုင်တော့သည်။ စိတ်ဆင်းရဲနေပုံပေါက်နေသော်လည်း တကယ်တော့ ကျန့်ယွင်နှင့် နီးစပ်လာသဖြင့် သူ့နှလုံးသားလေး အလွန်ပျော်ရွှင်နေလေသည်။
လူနှစ်ယောက်သည် အချင်းချင်း အီစီကလီရိုက်နေကြပြီး ဘေးနားတဝိုက်တွင် မည်သူမှမရှိသောကြောင့်ပင် မဟုတ်ပါက မင်းကတော့ ခွေးစာအပြည့်စားရလိမ့်မည်။[1]

YOU ARE READING
My Cherry Will Explode in the Apocalypse 《Myanmar Translation》
Romance《 ?????????? ???????????????????? ???????????????? 》 ???????????????????????????????????????????? ????????????????????????? ???????????????????????????????????? ?????????????????? ?????? ??????????????? ?????????????????????????????????????????????...
??????? ??《????????????????》
Start from the beginning