抖阴社区

                                    

"အဲ့လိုလား"

**ဒီလိုတန်းလန်းကြီးစောင့်နေရမှာပေါ့ အန်ချင်သလိုတောင်ဖြစ်လာပြီ

"အောက်ကိုဆင်းတဲ့အချိန်ကျရင် စိတ်ထဲပြောချင်တဲ့ဟာကို အော်ကြမယ်နော်"

"ဟင် ဘာရယ်!!"

"အော်ကြမယ် 1,2,3 ! "

"ပြိုင်ပွဲမှာ အနိုင်ရချင်ပါတယ်!"

"မသေဘဲ အကောင်းတိုင်း နေချင်ပါသေးတယ်!"

"အား!!!!!!!"အမြင့်ကနေတဟုန်ထိုးထိုးကျလာပြီး အဆုံးသတ်အောက်ခြေလဲရောက်ရော ပြီးပြီထင်နေပေမဲ့ နောက်တစ်ခါထပ်ပတ်ရပြန်သေးတယ်။ စီးရင် မေ့များသွားမလားပဲ။ အဆင်းကျ အန်မိတော့မယ်ထင်တယ်

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


"အား!!!!!!!"
အမြင့်ကနေတဟုန်ထိုးထိုးကျလာပြီး အဆုံးသတ်အောက်ခြေလဲရောက်ရော ပြီးပြီထင်နေပေမဲ့ နောက်တစ်ခါထပ်ပတ်ရပြန်သေးတယ်။ စီးရင် မေ့များသွားမလားပဲ။ အဆင်းကျ အန်မိတော့မယ်ထင်တယ်

"Woohoo~~ ပျော်စရာကောင်းတယ်နော်"

"ပျော်စရာ မကောင်းပါဘူး နောက်ထပ်လဲ မစီးတော့ဘူး ဒါပထမဆုံးနဲ့ နောက်ဆုံးပဲ အစားတောင်စားနိုင်ပါတော့မလားမသိဘူး "

"ဒါဆို တစ်နေရာရာမှ ခဏထိုင်ပြီး နားရအောင်လေ"

"နေပါစေ ဆိုင်ကြမှ တစ်ခုခုမှာစားရင်း နားတော့မယ် အပြန်နောက်ကျနေလိမ့်မယ်"

"ဘာလို့လဲ မလောပါနဲ့ ဖြေးဖြေးပေါ့"

"Sangie Hyung ပြင်ပေးထားတဲ့ ညစာကျန်သေးတယ် မစားဖြစ်လို့ မနက်ကကျ ပစ်ရမှာ နှမြောစရာကြီး"

"ညစာစားချိန်တော့မီပါတယ်ဗျာ"

"အွန်းပါ သွားကြမယ်"

------🧋🧁🧋-------

"ချာတိတ်ရဲ့ အစ်ကိုက အရမ်းဂရုစိုက်တတ်တယ်နော်"

"ဒါပေါ့ ရှိတာမှ ဒီညီအစ်ကိုနှစ်ယောက်ပဲရှိတာကို ပြီးတော့ Sangie Hyung က အဲ့လိုပါပဲ သူနဲ့ခင်သမျှလူတိုင်းကို ဂရုစိုက်ပါတယ်"

I Still Do ?TaeJun?Where stories live. Discover now