抖阴社区

part 10

43.8K 2.1K 40
                                        

အသက်ခပ်ဖျော့ဖျော့လေးရှူသွင်းရင်း ဆေးရုံကုတင်ပေါ်တွင် ငြိမ်သက်စွာအိမ်စက်နေတဲ့ နှောင်းရဲ့လက်တွေကိုမြဲမြဲကိုင်ထား၍ ဘေးမှာထိုင်စောင့်နေသည်။

ဆရာဝန်တွေရဲ့စကားအရတော့ စိုးရိမ်စရာမရှိတော့ဘူးတဲ့။ ဒါပေမဲ့ကျွန်တော်ရင်ထဲမှာတော့ ပူလောင်နေပါသေးသည်။ ပြန်ဖြေမဲ့လူမရှိပေမဲ့ စကားတွေပြောမိနေသေး၏။

" နှောင်း..... မောင့်ရဲ့နှောင်းရေ။ မောင်ကဝဋ်ကြွေးတယ်ကြီးသကိုးကွာ၊ မောင် နှောင်းကိုတစ်ဘဝလုံးစာ တာဝန်ယူချင်လိုက်တာ မင်းအလိုမရှိဘူးဆိုရင်တောင်မှပေါ့ကွာ "

သူမပိုင်တဲ့လက်တစ်စုံကို မင်းအက္ခရာမောင်တစ်ယောက် မြဲမြဲဆုတ်ကိုင်ထားရင် ချစ်ရသူအိမ်စက်နေတဲ့ဆေးရုံကုတင်ကိုမှီရင်း ဒီတစ်ညတာကို သူ့မျက်နှာလပြည့်ဝန်းကိုကြည့်၍ဖြက်သန်းရတော့သည်။

မျက်တောင်လေးခက်ရမှာတောင် ဒီမောင်နှမြောလိုက်တာ။ သူ့ကိုစွဲလမ်းစိတ်နဲ့အိမ်မရတဲ့ညတာတွေက အလွန်ရှည်လျားပါသည်။

" ဟူးးးးး "

သူခွင့်မပြုပေမဲ့ ပိုင်းစိုးပိုင်နိုင်သူ့နဖူးလေးကိုအသာနမ်း၍ ဒီတစ်ညလုံးနှောင်းကိုသာပြုံး၍ကြည့်ရင်းအချိန်ကုန်ဆုံးခဲ့လေသည်။

မနက်မိုးသောက်မှာထွန်းလင်လာတဲ့ သူရိန်နေမင်းကြီးနဲ့အတူ ရှင်နှောင်းငယ်လည်းနိုးထလာခဲ့သည်။

နောက်တစ်နေ့နေထွက်တာကိုမြင်ရတာက သူ့မသေဆုံးသေးဘူးဆိုတဲ့ သင်ကေတပေါ့။ ရှင်နှောင်းတစ်ယောက်ကတော့ ဝမ်းမသာမိပါ။ ဘယ်ဘက်လက်ကိုတင်းကြပ်နေအောင်ဆုတ်ကိုင်ထားသလို့ဖြစ်နေတာမို့ ဘေးကိုကြည့်တော့ မိမိကိုချစ်ပါသည်ဟုအကြိမ်ကြိမ်ပြောနေခဲ့သော ကောင်ငယ်လေးရှိနေသည်။

သူ့ကြည့်ရတာ အတော်လေးပင်ပန်းပုံရှိသည်။ ဖြူဖျော့နေတဲ့အသားရည်နဲ့ အကွင်းလိုက်ညိုနေတဲ့မျက်ကွင်းတွေက သက်သေခံနေခဲ့၏။

ဒါဆိုညကကြားလိုက်ရတဲ့အသံက ဒီကောင်လေးပေါ့။ သူဘယ်လိုများရောက်လာခဲ့ရတာပါလိမ့် အခုလောက်ဆို သူ့ကိုသိပ်ချစ်လှတဲ့အမေတစ်ယောက်တော့ စိုးရိမ်ရှာတော့မည်။ ဒီပုံတိုင်းဆက်အိပ်နေလို့တော့မဖြစ်ဘူးလေကွယ် ကောင်လေးရယ်

 ???????????????Where stories live. Discover now