မနက်မိုးစင်စင်လင်းသည့်အထိ မင်းအက္ခရာမောင်တစ်ရေးမှအိပ်လို့မခဲ့ပါ။ သူရဲ့အသိစိတ်တွေအားလုံးထဲ ရှင်နှောင်းငယ်ကသာကြီးစိုးနေခဲ့တော့သည်။
အခုချိန်နှောင်းရဲ့မျက်နှာလေးကိုသူမြင်ချင်ပါရဲ့ ဒါပေမဲ့ဒီနေရာမှာတော့မဟုတ်ပေ။
ဖြစ်ခဲ့သမျှအရာအားလုံးကိုလည်းသူနောင်တမရပါ။ နှောင်းကိုစော်ကားသည့်မည်သူမဆိုသူဒီထက်ဆိုးတဲ့အထိတုန်ပြန်နိုင်သည်။
" မင်းအက္ခရာမောင် "
အချုပ်ခန်းရဲ့ထောင့်တစ်နေရာတွင် ဒူးတစ်ဖက်ထောင်၍ နံရံကိုမှီကာမျက်လုံးမှိတ်ထားရင်းနှောင်းအကြောင်းတွေးနေတုန်း သူနာမည်ကိုခေါ်လိုက်တာမို့ မျက်လုံးဖွင့်ကြည့်တော့ မထင်မှတ်ထားတဲ့ဧည့်သည်ဖြစ်နေခဲ့ပါသည်။
ခဏတော့အံသြမိသွားပါသည်။ ဒါပေမဲ့လည်းဥပဒေနဲ့သက်ဆိုင်တဲ့အရာအားလုံးက သူအဖေပါဝင်ပတ်သက်နေတာများသည်။ ဒါကြောင့်လည်း သူ့သားတစ်ယောက်လုံးအဖမ်းခံရတာကို မသိဘူးဆိုကာမှထူးဆန်းပေဦးမည်။ ပြီးတော့သူထိုးခဲ့သည့်ဘလိတ်က အစ်ကိုဖြစ်သူအောင်ဇေမင်းရဲ့ သူငယ်ချင်းညီဖြစ်နေသည်။
" ဖေဖေ "
" မင်းအဖေမှန်းတော့သိသေးသားပဲ "
" ဖေဖေကျွန်တော်အာမခံရလာပြီ "
စကားပြောရင်း ပုလိပ်အရာရှိတစ်ယောက်နဲ့အတူ အစ်ကိုဖြစ်သူအောင်ဇေမင်းပါအနားရောက်လာတော့သည်။
" ဝတ်လုံးမင်းရဲ့သားမှန်းမသိခဲ့ဘူး အမှားပြုမိရင်တောင်းပန်ပါတယ်ဗျာ "
" တာဝန်အရပဲ ကျွန်တော်နားလည်ပါတယ် အခုတော့လူကိုခေါ်သွားရပြီမဟုတ်လား နစ်နာသူကိုလည်းကျွန်တော်သွားတွေ့လိုက်ပါမယ် "
" ရပါတယ်ဗျာ ကျွန်တော်အခုထုတ်ပေးလိုက်ပါမယ် "
အပေးယူတည့်စွာစကားပြောနေတာကိုနားထောင်ရင်း မင်းအက္ခရာမောင်ဆိုလိုရင်းကိုသဘောပေါက်လာမိသည်။ မနေ့ကကိုသိန်းအာမခံလုပ်ပေးပင်မဲ့ မရလိုက်ပေ။ အခုကြတော့လည်းလွယ်လိုက်တာ အရာရှိကိုယ်တိုင်အချုပ်ခန်းသော့လာဖွင့်ပေးရသည့်အထိပင်။ မနေ့တစ်နေ့ကထိကျုပ်ကရာဇဝတ်သားတစ်ယောက်ဆိုပေမဲ့ အခုဝတ်လုံမင်းရဲ့သားလည်းဆိုရော ဥပဒေရဲ့အထက်ရောက်သွားခဲ့တော့၏။

YOU ARE READING
???????????????
RomanceThis fic is not normal Uke is intersex Around 1940 Start date 26. 8. 2022 End date 14. 2 . 2023 My First Fic