抖阴社区

                                    

JK -"မောင် ....တောင်းပန်တယ်လေ မသွားပါနဲ့လား...".

SJ- "မောင် ဘာလုပ်ပေးမှာလဲ မသွားရင် ...သူကငါ့ကိုပျော်အောင်လုပ်ပေးနိုင်တယ်
မောင်ကကော....ငါကိုပျော်အောင်လုပ်ပေးနိုင်လို့လား

JK - "မောင်........ ဘာလုပ်ပေးရမလဲ.... ဂျင်သာမသွားရင် မောင်ဘာလုပ်ပေးရရ မောင်လုပ်ပေးမယ်လေ အဲ့တာကြောင့် မသွားနဲ့နော်...နော် လို့..."

မျက်ရည်ဝေ့နေသောသမင်မျက်လုံးလေးနဲ့အသနားခံသဖွယ်ကြည့်လာသောမောင့်ကို အရင်Kim SeokJin သာဆို မသွားတော့ဘူးလို့ ရင်ခွင်ထဲပွေ့ဖတ်လိုက်နိုင်ပင်မဲ့ သူကအရင်ကKim SeokJin မှမဟုတ်တော့ဘဲ ပြောင်းလဲသွားပီလေ
အရင်Kim SeokJin ကမောင်နာကျင်တာကိုမကြည့်ရက်ပေမဲ့ အခုKim SeokJin ကတော့ မောင် ကိုနာကျင်အောင် လုပ်မဲ့သူမောင်နာကျင်တာကိုဟားတိုက်ပီးပျော်ပျော်ကြီး ထိုက်ကြည့်နေမဲ့သူဖြစ်သွားပီ မောင်
မောင် ပဲ့အဲ့လိုပြောင်းလဲအောင်လုပ်ခဲ့တာလေ
မပြောင်းလဲတာကသူမောင့်ကိုအရင်တိုင်း .....

"ဒူး ထောက်ပီးတောင်းပန်ကြည့် ...
မ..သွား...ပါ..နဲ့..လို့"

ပြောင်းလဲသွားပီ ..ပဲ ဂျင်က
အရင်ကဆိုသူနာကျင်မှာကိုမကြည့်ရက်တဲ့ဂျင်က အခုသူကိုနာကျင်အောင်ပဲရွေးလုပ်တဲ့ ဂျင်ဖြစ်သွားပီ
သူကို့တိုင်ကပဲဂျင်ကိုအဲ့လို့ဖြစ်အောင်လုပ်ခဲ့တာပဲလေ
ဒါပေမဲ့မောင် မင်းဘေးကမထွက်သွားနိုင်ဘူး မောင် ဘေးမှာမင်းမရှိတော့ရင်ရမဲ့နာကျင်မှုထက်စာရင် အခုဂျင်ပေးတဲ့နာကျင်မှုကမပြောပလောက်ပါဘူး

"မောင်ဒူး ..ဒူးထောက်ပီးတောင်းပန်ရင် တကယ်မသွားတော့ဘူးလား"

ဒူးထောက်တောင်းပန်တာကို စကားအဖြစ်ပြောတာတောင် ထစ်နေတဲ့မောင်က သူရှေ့မှာ တကယ်ကောဒူးထောက်မှာတဲ့လား
တစ်မိုးအောက် Jeon Jungkook ကလေ

"အင်း....တကယ်မသွားဘူး.."

"မသွားနဲ့လေ...နော် ..မောင် တောင်းပန်တယ်လေ...မသွားပါနဲ့..."

သူစကားဆုံးတာနဲ့ ဒူးထောက်ချလိုက်သော မောင့်ကြောင့်အံအောမိသွားတယ်
တစ်မိုးအောက်Jeon Jungkook က
မာနကို ဘုရားလို ကိုးကွယ်ပီသူ့အတွက်လဲပီးမသိတဲ့မောင်က
သူရှေ့မှာ့ဒူးထောက်ပီးမသွားနဲ့လို့ခခယယတောင်းပန်နေတယ်တဲ့လား.....ဒီမြင်ကွင်းလောက်လှတဲ့မြင်ကွင်းမရှိတော့မှာသေချာတယ်....ဒါပေမဲ့ ဒီမြင်ကွင်းကိုကြည့်မဲ့ပရိတ်သတ်မရှိ‌တာတော့ စိတ်တောင်မကောင်းဘူး သူတုန်းကတော့ ဘေးနားကလူတွေဆိုတာရိုက်သတ်လို့မကုန်ဘူး ဒူးထောက်ခိုင်းရုံတင်မဟုတ်ဘူး သူ့စီးထားတဲ့ဖိနပ်ကိုပါ နမ်းခိုင်းသေးတာ
အရင်အကြောင်းတွေ ပြန်တွေးမိရင် အရိုးထဲထိပါ တစက်စက်တုန်လာတယ် အရမ်းနာကျင်လွန်းလို့ အရမ်းမုန်းလွန်းလို့....

You've reached the end of published parts.

? Last updated: Apr 22, 2023 ?

Add this story to your Library to get notified about new parts!

Reverse Where stories live. Discover now