အရှိန်ပါပါပြင်းထန်စွာပြုတ်ကျသည့်အရှိန်ကြောင့် မင်းအက္ခရာထိုလျိုထဲတွင် တစ်ညလောက်မလှုပ်နိုင်စွာ ဒီတိုင်းတစ်ယောက်ယောက်ကူညီလိုကူညီငြားစောင့်ဆိုင်းနေရ၏။
လက်ကလေးတစ်ချောင်းလှုပ်ဖို့တောင်သူ့မှာမစွမ်းသာခဲ့ပါ။
ခန္ဓာကိုယ်တစ်ခုလုံးနာကျင်ရလွန်းလို့ဘယ်နေရာကအနာဆုံးလည်းဆိုတာတောင်မသိတော့ပေ။ မောင်သေလို့မဖြစ်သေးဘူး နှောင်းမင်းကြောင့်မောင်သေလို့မဖြစ်သေးဘူး
နောက်တစ်နေ့မနက်အလင်းရောက်တော့ ကံတရားကမျက်နှာသာပေးသည်ထင်ပါရဲ့ လူနှစ်ယောက်အသံကြားရတာမို့ အသက်ရှူရင်တောင်နာကျင်နေရတဲ့ကိုယ်ခန္ဓာကိုအားယူထရင်း အသည်းခိုက်မတတ်နာကျင်မှူကိုအံတုကာ အကူညီတောင်းဖို့လုပ်ရတော့သည်။
" ကယ်.....ကယ်ကြပါဦး။ ဟင်းးး နှောင်းးး!!! "
" ဟေ....လူလေးမင်းသတိရလာပြီးလား"
ချွေးတွေရွဲ၍အော်ဟစ်ကာသတိရလာတဲ့လွန်ခဲ့တယ်နှစ်ရက်က လျိုဘေးကကယ်ထားခဲ့တဲ့လူလေးကို ဦးဘုန်ခန့်မေးလိုက်သည်။
" ကျွန်တော်ဘယ်ရောက်နေတာလဲ "
" ဒါအဘအိမ်ပဲ။ လူလေးအကူညီတောင်းသံကြားလို့ဒီကိုဆေးကုဖို့ခေါ်လာခဲ့ရတာ "
" အားးးးကျွတ်! "
" မလှုပ်နဲ့ဦး လူလေးကျိုးထားတဲ့အရိုးတွေကနည်းမှမနည်းပဲကွယ် "
" ကျွန်တော်သတိမေ့နေတာဘယ်နှစ်ရက်ရှိပြီလဲခင်ဗျ "
" ဒီနေ့နဲ့ဆိုသုံးရက်မြောက်နေ့ပဲ "
သုံးရက်တဲ့လား။ မောင့်ရဲ့နှောင်းမင်းတော့စိတ်ပူနေတော့မှာပဲကွာ
မောင်ကမင်းကိုဒုက္ခတွေပဲပေးနေပါရော့လား
နောက်ထပ်စိတ်ထဲပေါ်လာခဲ့တာက ပိုင်စေ။" အဘ ကျွန်တော်တစ်ယောက်ထဲကိုကယ်ခဲ့တာလားဗျ "
" မင်းတစ်ယောက်ပဲအသက်ရှင်တာ ချောက်ထဲကျသွားတဲ့ကားကတော့မီးလောင်းသွားခဲ့တယ်တဲ့ "
ပိုင်စေမင်းကငါ့ကိုအနိုင်နဲ့ပိုင်းခဲ့တာပဲ။ နှောင်းအတွက်မင်းထားရှိတဲ့မေတ္တာတရားတွေကသိပ်ကိုနက်ရှိုင်းလွန်းပါတယ်ကွာ
ငါ့ကိုယ်ငါအမြဲထင်နေခဲ့တာ ဒီလောကကြီးထဲ နှောင်းအပေါ်ငါ့လောက်ဘယ်သူမှ ပိုမချစ်နိုင်ပါဘူးပေါ့ အခုတော့မင်းကသက်သေပြသွားခဲ့တာ။ မင်းနဲ့ပြိုင်လို့ရှုံးရမယ်ဆိုရင်တောင် ငါကျေကျေနပ်နပ်ကြီးအရှုံးခံလိုက်ပါမယ် ပိုင်စေ။

YOU ARE READING
???????????????
RomanceThis fic is not normal Uke is intersex Around 1940 Start date 26. 8. 2022 End date 14. 2 . 2023 My First Fic