抖阴社区

Extra 3

37.6K 1.6K 64
                                        

အရင်လိုသွားသွားလာလာအဆင်မပြေသေးတဲ့နှောင်းကို ဒီနေ့ဆေးရုံပြရက်ချိန်းထားတဲ့နေ့မို့ တစ်မိသားစုလုံးအလုပ်ရှုပ်လျက်ပင်

ဟို ငါးလကျော်ကျော်ရှိနေပြီဖြစ်တဲ့ အမွှာလေးနှစ်ယောက်ဟာလည်း ဒီနေ့တော့မြို့ပေါ်အလယ်လိုက်ဖို့အကြောင်းဖန်လေသည်။

ထိုအမွှာနှစ်ကောင်ပါတော့ကျိန်းသေပေါက် လူအိုကြီးလင်မယားအိမ်မှာမနေခဲ့နိုင်တော့ပါ။ သူတို့ရဲ့မြေးတွေနဲ့ခဏလေးတောင်မခွဲနိုင်ပေ

" မောင် "

" ပြောလေ နှောင်း ၊ မောင်ဘာလုပ်ပေးရမလဲ "

မြင်းလှည်းပေါ်သို့နှောင်းကိုပွေ့၍တင်လျက်ရှိတုန်းနှောင်းကခေါ်လိုက်သည်။

" အမွှာလေးတွေကို နှောင်းချီထားပါမယ်"

" မရဘူး!!"

သံပြိုင်ထွက်လာတဲ့အသံလာရာတွေဆီ ရှင်နှောင်းငယ်ပြန်ကြည့်မိပါ၏။ ချက်ချင်းအကဲပိုတဲ့အမွှာတွေရဲ့အဖိုးနဲ့အဖွားဟာ အမွှာတွေကိုသူတို့အချင်းချင်းအညီအမျှတစ်ယောက်ဆီခွဲ၍ ပွေ့ထားကြတော့သည်။

အကြီးကောင်ပိုင်စေမောင်ဟာသူ့အဖွားရဲ့အသည်းကျော်လေးဖြစ်ပြီး။ အငယ်ကောင်ဘာမထီမောင်ကတော့သူ့အဖိုးရဲ့အသည်းညှာလေးပင်

ရပ်ကွပ်ထဲကအပျိုကြီးမမတွေရဲ့အသည်းကျော်တွေဆိုလည်းမမှားပေ။

နှစ်ယောက်လုံးကလူသိပ်မကပ်ပေမဲ့ သူတို့ကတော့အချေခံကာချစ်ကြမြဲပင်

" နှောင်း မောင်စိတ်မကောင်ဘူး "

" ဘာဖြစ်လို့လဲမောင်ရယ် "

ဗလာတွေနဲ့မှအားမနာ မင်းအက္ခရာမောင်မျက်နှာငယ်လေးလုပ်၍နှောင်းကိုပြောလိုက်သည်။ တကယ်အဟုတ်ကိုစိတ်ဆင်းရဲနေခဲ့ရတာ လွန်ခဲ့တဲ့ငါးလလောက်ကပင်

" မင်းအမွှာတွေမွေးပြီးထဲက မောင့်ကိုအနားအကပ်မခံတော့ဘူးလေ ခင်ဗျားအချိန်တွေအားလုံးအဲ့ကောင်လေးနှစ်ယောက်ဆီမှာကြည့်ပဲ အခုလည်းကြည့် ခင်ဗျားကမောင်နဲ့အတူမထိုင်ချင်ဘူးသူတို့နဲ့ပဲထိုင်ချင်နေတာ"

 ???????????????Where stories live. Discover now