抖阴社区

                                    

ရီဝေသောအကြည့်တွေနဲ့  တဖြည်းဖြည်း နိမ့်သွားတတ်တဲ့  အေးစက်စက် ကိုကို့အသံတွေဟာ Doyoung ကိုစိတ်ပျော့လာစေသည်။ ဦ‌းနှောက် ဘယ်လောက်ပဲ ပြောနေပါစေ အမှတ်မရရှ်ိတဲ့ နှလုံးသားကတော့ လက်ခံမိ၏။

Doyoungလက်ကို ဆွဲထားတဲ့ Yoshi လက်ကို ဖြုတ်ချကာ အကို့နောက်လိုက်ခဲ့လိုက်၏။ လူ သိပ်မရှိတဲ့ လမ်းချိုးကွေ့လေးနားရောက်တော့ ကိုကိုက ရုတ်တရက် ရပ်လိုက်၏

ဓာတ်တိုင်စီမှ မှိတ်တုတ်တုတ်မီးရောင် လင်းနေသော်လညး် ခေါင်းငုံထားသော ကိုကို့ကြောင့် ကိုကို့မျက်နှာပေါ်က အမူအယာကို မမြင်ရ

"ဘာပြောမှာလဲ  ပြောစရာရှိတာပြောပါ"

ကိုကိုက မပြော‌ေသးပဲ ခေါင်းငုံထားမြဲ.
"ကိုကို ဘယ်က စပြောရမလဲမသိဖြစ်နေတယ်..."
"အဲ့တာဆိုလဲ မ‌ေပြာနဲ့တော့လေဗျာ"

Doyoungထွက်သွားမြည်ပြုတော့  ကိုကိုက Doyoung လက်ကို အားအင်မဲ့စွာ ဖမ်းဆွဲသည်
"ကိုကို တောင်းပန်ပါတယ် ..ကိုကို့စီပြန်လာပေးပါ့လား ယောင်းငယ်လေး"
"အဟားး ခင်များရူးသွားတာလား?"
မော့ကြည့်လာသာည့် ကိုကိုမျက်ဝန်းအတွင်းမှ ကြေကွဲရိပ်တို့ကို လျစ်လျူရှုလိုက်၏။
" အင်း ကိုကိုရူးသွားပီ .. ယောင်းလေးထားသွားကတည်းက နောင်တတွေ နှိပ်စက်လို့ ကိုကို ရူးသွားတာ"

လျှံဖိတ်လာတဲ့ ကိုကို့မျက်ရည်တွေကိုဘသုတ်ပေးချင်ပေမဲ့  ရပ်သာနေလိုက်၏။ကိုကိုက အရူးတစ်ယောက်ကို ခေါင်းခါယမ်းရင်း

"ကိုကို တကယ်တောင်းပန်ပါတယ်။ ဒါဂယောင်းနဲ့လဲ ထပ်ပီးအဆက်အသွယ်မရှိတော့ပါဘူး.. ကိုကို့မှာ ယောင်းငယ်တစ်ယောက်တည်းပါ"
"ခင်များကို ယုံစရာလား .. ကျွန်တော့်နောက်ကွယ်မှာ ၂နှစ်တောင် ဖောက်ပြန်ခဲ့တဲ့သူလေ!!"

ကိုကိုလက်တွေက Doyoung ပုခုံးနှစ်ဖက်ကို ဆုပ်ကိုင်လာပီး

"ယောင်းလေး တကယ် ကိုကို့ကို မချစ်တော့ဘူးလား? "
"မချစ်ဘူး"
"ကိုကို့ မျက်လုံးကိုကြည့်ပြော"

အညိုရင့်ရင့် မျက်ဝန်းတွေမှ ဖျော့တော့တော့အကြည့်တို့ကို ရှောင်ဖယ်နေမိ၏။

END = START Where stories live. Discover now