Yoshinori ရဲ့နေရာလိပ်စာကတော့ Jeongwoo သိပြီးသားပင်။ သူတို့နှစ်ယောက်အိမ်မှာ မှ လွဲရင် တစ်ခြားနေရာမှာတော့မရှိနိုင်ဘူး Young လေးက အမြဲ သူတို့နှစ်ယောက်နှင့် သာ ပေါင်းသင်းတတ်သည်လေ။
။
။
Yoshinori က အိမ်မှာ မရှိသလို ယောင်းလေးကလဲ သူ့အိမ်မှာ ရှိမနေပါ။ သေချာနေတာပဲ Haruto အိမ်မှာပေါ့.. သူတို့နှစ်ယောက် အကြောင်းကောင်းကောင်းမသိပေမဲ့ young လေး ပထမနှစ်ကတည်းက အနားမှာရှိနေတဲ့သူတွေဆိုတာတော့သိပါသည်။တံခါးရဲ့ လူခေါ် bellကို နှိပ်လိုက်တော့ လာပါပီဆိုသော အသံလေနှင့်အတူ ကျောင်းသား Yoshinori ရဲ့ ခေါင်းလေးက တံခါးအဟလေးကြားမှ ထွက်ပေါ်လာ၏။
Jeongwoo ကို မြင်တော့ ချက်ချင်း မျက်နှာပျက်သွားပီး အခန်းအတွင်း ဂျပန်စကားနှင့် တစ်ခုခုလှည့်ပြောသည်။
ပီးမှ ရှေ့ထွက်လာကာ
"Professor Park..ဘာဖြစ်လို့လဲဗျ"
"ကိုယ် Doyoung နဲ့တွေ့ချင်လို့ပါ"Jeongwoo အပြောကို အခန်းထဲက ထွက်လာတဲ့ Haruto က ပြတ်သားစွာဖြေ၏
"ဒါ Doyoung အိမ်မှာ မဟုတ်တာ သူဘယ်လိုရှိမှာလဲ"Jeongwoo ပြုံးမိပါသည်။ ဒီကလေးတွေသိနေတာပဲ..
"အဲ့တာဆို ယောင်းလေးဖိနပ်က ဘာလို့ ဒီမှာရှိနေတာလဲ?"
တံခါးပွင်းနေသည့်ကြားက မြင်နေရသည့်ယောင်းလေးဖိနပ်ကို ညွှန်ပြရင်း ပြောလိုက်သည်။ Haruto က ဖြည်းညှင်းစွာရယ်ရင်း ..
"သူရှိတော့လဲ ဘာလုပ်မှာလဲ professor နဲ့ သက်ဆိုင်သူမှ မဟုတ်တော့တာ .."ဟုတ်သားပဲ.. Jeongwoo ရဲ့ ယုန်ပေါက်ကလေးက Jeongwoo နဲ့မှ မသက်ဆိုင်တော့တာ..
"ကိုယ် သူနဲ့ စကားပြောချင်ရုံပါ"
"ကျွန်တော် မှာ့ ပြောစရာမရှိတော့ဘူး"အခန်းထဲမှာ ထွက်လာသည့် Jeongwoo ရဲ့ကလေးငယ်။ မျက်နှာလေးကျသွားကာ အကြည့်တွေက အေးစက်လို့နေသည်။
"ပြန်ဝင်နေ Kim Doyoung"
နှစ်ယောက်လုံးစီက ထွက်လာသည့် စကားသံကို Doyoung ဟာ ဂရုမစိုက်စွာပဲ Jeongwoo ကို စိုက်ကြည့်သည်
"ဘာလို့ ပေါ်လာပြန်ရတာလဲ.."
"ကိုကို့ကို ခနလောက်အချိန်ပေးပါ့လား young လေး"ရီဝေသောအကြည့်တွေနဲ့ တဖြည်းဖြည်း နိမ့်သွားတတ်တဲ့ အေးစက်စက် ကိုကို့အသံတွေဟာ Doyoung ကိုစိတ်ပျော့လာစေသည်။ ဦးနှောက် ဘယ်လောက်ပဲ ပြောနေပါစေ အမှတ်မရရှိတဲ့ နှလုံးသားကတော့ လက်ခံမိ၏။

YOU ARE READING
END = START
Fanfiction???????????????? ??????????? ???????????????????????? JeongDo
4(Z / Final)
Start from the beginning