"ကိုကို ဆင်ခြေမပေးပါဘူး.. ပေးစရာဆင်ခြေလဲမရှိပါဘူး ..ကိုကိုနောင်တရနေပီမို့ အမှားပြင်ဆင်ခွင့်လေးပဲတောင်းတာပါ "
မျက်နှာပေါ်ကျလာသည့် မိုးစက်တို့ကို သပ်ချလိုက်၏။ Doyoung မျက်နှာပေါ်က မျက်ရည်တွေမဟုတ်ပါဘူး မိုးစက်တွေသာပါ... သို့ပေမဲ့ ခန္ဓာကိုယ်ပေါ်ကျနေတဲ့ မိုးစက်တွေလို မအေးမြပဲ ပူနွေးနေ၏
နာကျင်နေသော နှလုံးသားနှင့်အတူ ကိုကိုကို့ စကားတစ်ခွန်းသာဆိုမိတော့၏
"အိမ်မက် မက်မနေနဲ့"
မိုးရေတွေကြား ဒူးထောက်နေသည့်ကိုကို့ကို နောက်တစ်ကြိမ် ထပ်မံကျောခိုင်းလိုက်သည်။ ပြန်လှည့်မကြည့်ခဲ့ပါဘူး နှလုံးသားက ထပ်ပီး ခံနိုင်စွမ်းမရှိမှာသေချာသည်လေ။။
။
။
ထိုနေ့ပီးကတည်းက ကိုကိုဟာ အရိပ်အယောင်တောင်ပေါ်မလာတာ ၅ရက်မျှရှိပီ.. အတန်းချိန်တွေလဲ မလာဘူး.. ဘာဖြစ်နေလဲသိချင်ကာ စိတ်ပူမိပေမဲ့ နေနိုင်အောင်နေရမှာပဲလေCoffee တစ်ခွက်ကိုဘေးချကာ ပန်းချီဆွဲနေတုန်း Doyoung စီကို ဖုန်းတစ်callဝင်လာသည်။ အန်တီဘိုယောင်း ဆိုသည့် နာမည်ကြောင့် အကိုနဲ့ဆက်စပ်နေမည်လား? သို့သော် ငြင်းဆိုရန်မကောင်းသည်မို့ ကိုင်လိုက်ပါ၏
"Doyoung လေး"
"ဟုတ်ကဲ့ ?"အန်တီဘိုယောင်းရဲ့ သက်ပြင်းချသံကို ဖုန်းထဲမှာ အတိုင်းသား ကြားနေရ၏
"အန်တီ အကူအညီလေးတစ်ခုလောက်တောင်းချင်လို့ပါ"
"ဟုတ်ကဲ့ ဘာများလဲဗျ"
" ဂယောင်းဟီးတက္ကသိုလ်ဆေးရုံကို ခနလောက်လာခဲ့ပေးပါ့လား "
"ဗျာ? ဘယ်သူ ဘာဖြစ်လို့လဲဗျ"
"သားအကိုလေ .. ပီးခဲ့တဲ့ ၅ရက်လောက်က အဖျားတက်ပီး သတိလစ်သွားတာ မနေ့ကမှ သတိပြန်ရတယ်။ ဒါမဲ့ သားအကို ဂျစ်တူးက အစာလုံးဝ မစားဘူး ..ဘယ်လိုမှလဲကျွေးမရဘူး ။ သားအကိုပြောပုံအရ သားနဲ့အဆင်မပြေမှန်းရိပ်မိတာမို့ မဆက်သွယ်ဖို့ စဉ်းစားပေမဲ့ .. ဒီနေ့မှ အစာမဝင်ရင် သားအကို အသက်အတွက် စိုးရိမ်ရပီမို့ အန်တီဆက်သွယ်လိုက်တာပါ"Doyoungရင်ထဲ လှိုက်ကနဲ နာကျင်သွား၏။ ကိုကိုဒီလိုဖြစ်တာ Doyoung ကြောင့် ... တန်ပြန် မပြောနိုင်ပါပဲ အသံတိတ် ငို ရှိုက်မိသည်

YOU ARE READING
END = START
Fanfiction???????????????? ??????????? ???????????????????????? JeongDo
4(Z / Final)
Start from the beginning