" ခွန်းကလည်း ခုတော့သွေးကိုစိမ်းကားပြီပေါ့ "
" ကိုယ်တို့တကယ်မအားလို့ သွေး
နောက်မှတွေ့ကြတာပေါ့ "" ဟင် စိုင်း ခဏ နင့် နက်ခ်တိုင်က စောင်းနေတယ် ငါပြန်ပြင်ပေးမယ် "
နန်းကလျာမြတ်က အပြောထက်အလုပ်ကမြန်နေတာမို့ ဝဠာမှာတားချိန်တောင်မရလိုက်
" ရပြီ စိုင်း
နန်းတို့လည်း တိုက်တိုက်ဆိုင်ဆိုင်ရန်ကုန်မှာလာတွေ့ရတယ်လို့နော် "" ဟင် အင်း "
ဝဠာတို့က စကားပြောနေပေမဲ့ နန်းသွေးချယ်က ကိုယ့်အနားကိုလိုတာထက်ပိုကပ်နေတာမို့ သူ့မှာရှောင်နေရတာလည်းအလုပ်တလုပ်
ငယ်သူငယ်ချင်းတွေအဖြစ်ကနေ ၂နှစ် ၃နှစ်လောက်ထိတွဲလာခဲ့ပြီး ပြတ်သွားတာကတော့ ၅နှစ်လောက်ပင်ရှိပြီ အခုမှဘာထဖြစ်တာလဲတော့ သူလည်းမသိပေ
သေချာတယ် ဒီ ၂ယောက် တစ်ခုခုသိထားလို့ အခုလိုတွေလုပ်နေကြတာ
ဝဠာနဲ့ခွန်းလည်း စကားစမြန်မြန်ဖြတ်ပြီးတာနဲ့ private room ထဲကို ခပ်သွက်သွက်ပြေးလာခဲ့ရသည်
" ဟူး..... ဒီ ၂ယောက်တကယ်မလွယ်ဘူး "
" အေးကွာ အာရုံပဲ "
အပြင်ဘက်မှာတော့
" ကျစ် ဒီလူကြီး ငါနဲ့တွေ့ကြပြီပေါ့ "
" ငါလည်း ငါ့ကိုကို ကို ကောင်းကောင်းအပြစ်ပေးရမယ် "
မျက်ဝန်းတို့လည်း ဝလ္လာတို့ကားနဲ့ night out ထွက်လာရာကနေ မီးပွိုင့်မိနေလို့ အပြင်ဘက်ကိုကြည့်လိုက်တော့ ဖြစ်ချင်တိုင်းဖြစ်နေတဲ့ သူမရဲ့ကိုကိုနဲ့ စုစုရဲ့ကိုကြီးကိုမြင်လိုက်ရသည်
ကားဟိုဘက်ခြမ်းမှာမို့ ချက်ချင်းဆင်းလို့မရလို့ စိတ်ကပိုတိုနေရသည်
" ဝလ္လာ ပြီးရင် အဲ့စားသောက်ဆိုင်ရှေ့မှာကားရပ်လိုက် "
စုစုအပြောကို ဘေးမှာရှိတဲ့အာကာက ခေါင်းခါပြတာမို့ ဝလ္လာလည်း မီးပွိုင့်လွတ်တာနဲ့ တစ်ဖက်လမ်းကြောကိုပဲမောင်းသွားလိုက်သည်
" ကျစ် ဝလ္လာစုတ်ကတော့ ဟိုဘက်ကိုမောင်းပါဆိုမှ "
" နင်တို့ ၂ယောက်ကို ကာရာအိုကေကိုပို့ပေးမယ် တိတ်တိတ်နေကြတော့ "

??????? ( ?? )
Start from the beginning