抖阴社区

                                        

တစ်ယောက်ကစကားစဖြတ်လိုက်သည်အတွက် နောက်တစ်ယောက်မှာလဲ ဆက်မပြောဖြစ်တော့။

နှစ်ယောက်သားကွပ်ပျစ်ပေါ်သို့
ခေါင်းအုံးနှစ်လုံးယူလာပြီး
ပက်လက်အနေထားနှင့် ကောင်းကင်ကိုသာစိုက်ကြည့်ရင်း တွေးနေကြသည်။

"ခင်ဗျား....အိပ်ပြီလား"

"အိပ်မပျော်ဘူး၊ပူလို့ထင်ပါတယ်"

"လေတိုက်နေတာပဲအဲ့လောက်မပူပါဘူး"

"အင်း"

"ကျွန်တော်...ခင်ဗျားနဲ့အတူရင်ဆိုင်ချင်ပါတယ်၊ဒီရက်ထဲမှာ ခင်ဗျားအပေါ်
ကျွန်တော့်ဘက်ကခံစားချက်ရှိနေခဲ့တယ် ဘုန်းကြီးဝတ်ပြီးပြန်ထွက်လာတဲ့
နေ့ကစပြီးတော့လေ၊ဒါပေမယ့်
ကျွန်တော်ကြောက်တယ်၊ ခင်ဗျားလိုလူတစ်ယောက်ကကျွန်တော်ကြောင့်သိက္ခာကျမှာကိုလေ"

ပုံရိပ်ထိုသို့ပြောလိုက်သည်နှင့်
မိုင်းဇ ထထိုင်လာလေသည်။

"ပုံပုံ...ပြောချင်တာက ၊ပုံပုံလဲကိုယ့်ကိုချစ်တယ်ပေါ့"

"မပြောမိပါဘူးဗျာ"

"နားကြားမှားသွားတာထင်တယ်"

ထိုသို့ပြောပြီး ပြန်လှဲ သွားသော
မိုင်းဇမင်းရောင် ကြောင့် တစ်ဖန်ပုံရိပ်
ပြန်ထထိုင်လိုက်ပြီးနောက်။

"ခင်ဗျား​တုံးလိုက်တာ၊အဲ့လောက်တုံးအနေပြီး ယောက်ျားတစ်ယောက်ကို
ချစ်တယ်လာပြောနေတာလား၊
ကျွန်တော်ပြောမယ်၊ကျွန်တော့်ဘက်က
ဘယ်တော့မှ ခင်ဗျားကိုဝန်မခံတော့ဘူးလို့တွေးထားခဲ့တယ်၊ခင်ဗျားကဖွင့်ပြော
လာလိမ့်မယ်လို့လဲကျွန်တော်မထင်ခဲ့ဘူး၊ရုတ်တရပ်ခင်ဗျား ပြောလိုက်တဲ့အချိန်မှာ ကျွန်တော်ကြောက်ပြီးတွေဝေသွားခဲ့တာ...ကျွန်တော်တို့ခံနိုင်ရည်
မရှိပဲ ပတ်ဝန်းကျင်ရဲ့ဝေဖန်မူတွေ
ကြောင့် တစ်ခုခုဖြစ်သွားမှာဆိုးလို့လေ၊"

"ဆက်ပြော၊ကိုယ်နားထောင်နေတယ်"

"ဆက်ပြော...အင်း..သေချာစဥ်းစား
ကြည့်တော့ ကျွန်တော်တို့နှစ်ယောက်
ခံနိုင်ရည်ရှိမှာပါ၊ပေါင်းလိုက်ရင်လေ
ဟုတ်တယ်မလား"

?????????????????????Where stories live. Discover now