စိတ်ထဲမှာရှိသမျှ အမှန်အတိုင်းပြောရရင် တီပိုးနှင့်
တူဝရီးနှစ်ယောက်ထဲ ဒီတိုင်းလေးဘဲ နေသွားချင်ပါသည်။
သူစိမ်းတစ်ယောက်က ငုဝါတို့ဘဝထဲဝင်လာမှာ မလိုလားပါ.,...
ဒါပေမယ့် ငုဝါတစ်ဖက်သတ်တည်းကိုဘဲကြည့်လျှင်
ဘယ်တရားပါတော့မလည်း.......တီပိုးက အရွယ်ရှိသေးတဲ့မိန်းမသားတစ်ယောက်.....တစ်ခုလပ်တစ်ယောက်အနေနဲ့ လူတွေရဲ့အထင်အမြင်သေးမှုတွေ
အများကြီးရှိတယ်တဲ့..တီပိုး ခဏခဏပြောနေသည့်စကား.....တကယ်လည်းမှန်ပါသည်။ ထမင်းဆိုင်ကို လာစားသည့်
လူငါးဆယ်မှာ လေးဆယ်လောက်က တီပိုးကို အချောင်ရမလားဆိုသည့် အကြံအစည်များဖြင့် လာနေကြခြင်းလည်းဖြစ်သည်။တီပိုးက ထိုဒဏ်တွေကိုကြောက်လို့ အိမ်ထောင်ပြုဖို့ဆုံးဖြတ်တာလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ဒါမှမဟုတ် တကယ်မေတ္တာရှိကြလို့လည်း ဖြစ်နိုင်၏။
တသက်လုံးကျွေးမွေးပြုစု စောင့်ရှောက်လာခဲ့သည့်
အဒေါ်ဖြစ်သူ၏ ဆန္ဒကို ငုဝါ မပိတ်ပင်ချင်ပါ......ဒါ့ကြောင့် ..."သမီး လက်ခံပါတယ် တီပိုး......ဆန္ဒရှိတဲ့အတိုင်းသာလုပ်ပါ"
တီပိုးက မျက်ရည်အဝိုင်းသားဖြင့် ပီတိအပြည့်ဖြင့် သူမအား
ဖက်လိုက်လေသည်။ တစ်ခါတစ်လေဘဝမှာ ကိုယ့်ထက် သူများဆန္ဒကို အလေးပေးလိုက်ရသည့်အခါမျိုးတွေလည်း ရှိပါသည်။~~~~~
"သတင်းကြားပြီးပြီလား.....အကို....."
"ဘာကိုလဲ မှီ....."
"ပိုးခက်လေ.... အိမ်ထောင်ပြုတော့မလို့တဲ့..."
"ဒီအရွယ်ကျမှ ထပ်ပြီးတော့လား......."
"အဲဒါ့ကြောင့်ပြောတာ....ငုဝါလေးကလည်း အပျိုပေါက်လေးဖြစ်နေမှ.....ပြီးတော့ သူ့ယောကျ်ားဘက်က မင်္ဂလာဆောင်
စရိတ်ကို ပိုးခက်ကိုဘဲ အကုန်ခံခိုင်းတယ်တဲ့ ....""အင်း......ဒီကလေးမကလည်း အသက်ကြီးမှ
ကိုယ့်ဒုက္ခကိုရှာလို့"

YOU ARE READING
~????????~
Romance. ??????.......???????? ????????..... ???????????? ?????????????????????????????..... ???????? ?????????????????? ?????????????? ??????????????.... ????????????? ?????????????????????.....????????????????????? ??????? ????????????????????????...
part-4
Start from the beginning