ဟင့်......တီပိုးက အမြဲတမ်းအဲ့ဒီအတိုင်းဘဲ........
သူများတွေပျော်နေတဲ့အချိန်လည်း ငုဝါမှာမပျော်ရဘူး....သင်္ကြန်ရေကစားလည်းမခိုင်းဘူး....တခြားပျော်ပွဲရွှင်ပွဲတွေလည်းဒီလိုပါဘဲ....တစ်ခါတစ်လေကျတော့လည်း အခုလိုမျိုးကြီးနေရတာ
စိတ်တော်တော်ကုန်လာသည်။ အမြဲတမ်း
တစ်ယောက်ထဲဘဲကုတ်နေရတယ်....ကိုကိုက ဂတိပေးခဲ့တာဆိုတော့
မရောက်ရောက်အောင်ပြန်လာမှာ..ငါကထွက်မရရင်
ဘယ်လိုလုပ်မလဲ ....စိတ်ညစ်ပါတယ်.... တကယ်ဘဲ..."ဒေါ်ပိုးခက်ရယ်....စိတ်လေး လက်တစ်ဆစ်လောက်
လျှော့လိုက်ပါဦး........""ထမင်းသာစားကြစမ်းပါ......"
နောက်ဆုံးတော့ ဦးငယ်လည်း ငုဝါကို ကူညီမပေးနိုင်တော့ပါ။
ငုဝါကြိုက်သည့် ကြက်မြစ်အသည်းဟင်းဆိုပေမယ့်
ထမင်းစားချင်စိတ်ကုန်သွားပြီး
ဆက်မစားချင်တော့ပါ.......ထို့ကြောင့် ..."သမီးဗိုက်ဝပြီ......"
"ဟော်တော်...."
ဦးငယ်ကတော့ ကြိတ်၍ရယ်နေသည်။ လုပ်ချင်တာ မလုပ်ရလို့ ဆန္ဒပြသွားသည့်သဘောပေ။
တစ်ဇွန်း နှစ်ဇွန်းသာ စားပြီး ဗိုက်ဝပြီဟုသာ ပြောသွားသော
ငုဝါကို ဒေါ်ပိုးခက် လှမ်းကြည့်ပြီး သက်ပြင်းချလိုက်သည်။
သူ့စိတ်ပူပန်မှုတွေက ကလေးလေးအတွက်
လှောင်အိမ်သံတိုင်တွေလိုများ ဖြစ်နေပြီလား......~~~~~
ရက်ကွက်ထဲမှာ သင်္ကြန်အတွက်
စပြီးကြိုတင်ပြင်ဆင်နေကြလေပြီ။ လမ်းထိပ်တိုင်းမှာ
အုန်းလက်မဏ္ဍပ်လေးများ ဆောက်နေကြပြီး......ရေတိုင်ကီတွေ မုန်လုံးရေပေါ်စတုဒိသာလုပ်ဖို့ စားပွဲတွေ ခုံတွေစသည်ဖြင့် ပြင်ဆင်ထားကြလေပြီ.......ု
ကလေးအများစုကလည်း ရေပြွတ်သေနတ်တွေ ၊ရေဖလားတွေ ၊
နေကာမျက်မှန်ရောင်စုံတွေ၊
သင်္ကြန်ပန်းကုံးတွေစသည်ဖြင့် ဝယ်ထားကြပြီး တစ်ယောက်အိမ်တစ်ယောက်လှည့်ကာ သူတို့ဝယ်ထားသည့်ပစ္စည်းများစွာကို
လှည့်ပြီး ကြွားနေကြလေသည်။

YOU ARE READING
~????????~
Romance. ??????.......???????? ????????..... ???????????? ?????????????????????????????..... ???????? ?????????????????? ?????????????? ??????????????.... ????????????? ?????????????????????.....????????????????????? ??????? ????????????????????????...
part-8
Start from the beginning