抖阴社区

                                    

သူက တခြားမိန်းကလေးနှင့်ဆို အလျှော့ပေးဖို့ ကျိုးနွံဖို့
ဝန်မလေးပေမယ့် ငုဝါကိုဆို အမြဲအနိုင်ယူချင်သည်၊ အမြဲတမ်း စိတ်မရှည်တတ်သည့်သူ......




အဲ့ဒီလိုလူကိုမှ သံယောဇဥ်ထားခဲ့မိပြီး....ထိုကြိုးတွေက
ဖြတ်မရအောင် ခိုင်မာလွန်းသည်။ ငုဝါ သူ့ကို စိတ်ဆိုးနေရင် စိတ်ဆိုးပေလိမ့်မည်။ သို့ပေမယ့် မနာကျည်းနိုင်ပါ။

ပြီးတော့ သူ့ကို မချစ်ဘဲလည်း မနေနိုင်ပါ။


သူစိတ်ဆိုးပြီး ထွက်သွားမှ ကိုယ့်ကိုကိုယ် လေသံမာသွားသလား မှာသွားသလားဟု ပြန်သုံးသပ်ရင်း မျက်လုံးတွေကို ပိတ်ချပစ်လိုက်သည်။





"သူရနဲ့ အဲ့တစ်ယောက်က ဘာတွေလဲဟင်....ဟိုလိုဒီလိုတွေလား"




မြတ်နိုးနှင်းဆီက ငုဝါတို့ဖြစ်ပျက်သမျှကို မြင်ပြီး
သူ့ဘေးကနှစ်ယောက်အားမေးလေသည်။ နှစ်ယောက်က နှင်းဆီ၏လက်မောင်းတစ်ဖက်ဆီကို ချိတ်ထားပြီး
တစ်ယောက်နှင့်တစ်ယောက် မျက်စပစ်လေသည်။





"သူတို့က ငယ်ငယ်ကတည်းက သိတာလို့ပြောတာဘဲ....
သူရတည်တံ့ကတော့ သူ့ကိုဆို
တော်တော်အရေးပေးတယ်သိလား......ကျောင်းမှာရော
အပြင်မှာရောတပူးပူး တတွဲတွဲနဲ့ဘဲ.."






"အလကားပါ နှင်းဆီရယ်.....သူ့ကိုယ်သူ ရိုးသလိုအေးသလိုလိုနဲ့ ပုံစံမျိုးဖမ်းထားပြီး.....တကယ်က ကုတ်ကမြင်းမလေးလေ....သူတို့အိမ်က ထမင်းဆိုင်လိုလိုဘာလိုလို.....သုံးစားလို့မရတဲ့ဟာမလေးပါ"



"သူရတည်တံ့ကလေ....နင့်ကို ကျောင်းစရောက်ရောက်ချင်းမှာ အခန်းထဲလည်း အတူခေါ်လာပေးတယ်....ပြီးတော့ သူနင့်ကို
ကြည့်တဲ့အကြည့်တွေကို တို့ကရိပ်မိတယ်နော်..."






မြတ်နိုးနှင်းဆီ လှပစွာပြုံးသည်။ သူမမျက်လုံးတွေကတော့
သူ့ရှေ့က ဝါးနှစ်ပြန်လောက်အကွာအဝေးမှာ တစ်ယောက်ထဲ
ပြန်နေသည့်ငုဝါဆီသို့ပင်။




"သူရက...ဘယ်မှာတက်တာလည်း....ကျူရှင် "




"ငါတို့နဲ့ အတူတူပဲ....အောင်မြင်ခြင်းမှာ.... မနေ့ကညနေက
သူ့အဖေနဲ့အမေ ကျူရှင်လာအပ်တာ ငါတို့စာသင်နေတုန်း..."




~????????~Where stories live. Discover now