抖阴社区

                                    

"ဟုတ်လား.....ငါလည်း အောင်မြင်ခြင်းမှာ ကျူရှင်တက်ချင်တယ်..."





"ရတယ်လေ....ငါတို့ဆရာကြီးကို ပြောပေးမယ်..."





"ကျေးဇူးဘဲနော်..... "




"ရတယ် ရတယ်.... ငါတို့က နင့်ကိုဘဲ ခင်တာ....သူရတည်တံ့နဲ့လည်း သဘောတူတယ်သိလား......."




"ဟင်းဟင်း....နင်တို့ကလည်း...."



နူတ်ခမ်းက ကွေးညွှတ်နေအောင် အလှပဆုံးပြုံးနေသော်လည်း မျက်လုံးတွေက ကောက်ကျစ်စွာ ငုဝါကို လိုက်ကြည့်လို့နေလေသည်။





~~~~~~





ကိုကိုနဲ့စကားပြောတာ တပတ်လောက်ရှိပြီ.....စာသင်ခန်းထဲမှာလည်း သူက မြတ်နိုးနှင်းဆီတို့အဖွဲ့နှင့် ပျော်ရွင်နေတတ်ပြီး....
ငုဝါရှိသည့်နေရာကိုဆို မျက်လုံးနဲ့တောင် မကြည့်ဖြစ်အောင် ရှောင်နေသည်။



သူ တောက်လျှောက်ကြင်နာသောမျက်ဝန်းများဖြင့်
ကြည့်နေသည့်ထိုမိန်းကလေးအား တနေ့တစ်ခါ ငုဝါကြိုက်သည့် veve စတော်ဘယ်ရီနို့ဒိန်ချဥ်ကို တစ်ဗူးတစ်ဗူး
ဆက်သနေလေသည်။ ငုဝါကို သက်သက်မဲ့အရွဲ့တိုက်နေသလားတောင် ထင်ရ၏။



မြတ်နိုးနှင်းဆီ၏ လုပ်ပြောသော အပြောချိုချိုတွေ.....
.ရယ်သံသဲ့သဲ့တွေ.....ဆံပင်ခဏတိုင်း သပ်တင်ပြီး
ဟန်လုပ်ပြနေသည့်အောက်မှာ အတန်းထဲက ယောကျ်ားလေးတွေ သာမက တခြားအတန်း....ဆယ်တန်းက အကိုကြီးတွေရော
နစ်မြောကုန်ကြသည်။


ထိုအထဲတွင် ကိုကိုလည်း ပါဝင်လို့နေလေသည်။ ယောကျာ်းလေးတော်တော်များများ၏ ပါးစပ်ဖျားမှာ မြတ်နိုးနှင်းဆီဟူသော နာမည်က ပဲ့တင်ထပ်လို့နေ၏။




မုန့်စားကျောင်းဆင်းသောအခါ ငုဝါလည်း
သူငယ်ချင်းသုံးယောက်နှင့် မုန့်ဝယ်ထွက်လာချိန်...... ရှေ့မှာ အတူတွဲ၍ လမ်းလျှောက်နေသည့်နှစ်ယောက်ကို
မြင်တွေ့နေရသည်။ဘေးမှာ အဖော်တွေပါသော်ငြားလည်း အသားဖြူသည့် သူတို့နှစ်ယောက်က လူအများကြားတွင်ထင်ပေါ်လို့နေလေ၏။



ပြုံးရယ်ပြီးတစ်ယောက်နှင့်တစ်ယောက် စနောက်နေကြတာ....
မိုးမမြင်လေမမြင်.....လက်မချိတ်ရုံတမယ် တွဲလျှောက်နေပြီး
အကြည့်တွေက အသက်ဝင်နေကြ၏။


~????????~Where stories live. Discover now