抖阴社区

                                    

"မြန်မြန်သက်သာပါစေ ကိုကို.... "

ကိုကိုတဲ့..... ဟုတ်ပါသည်....တစ်ချိန်က
သိပ်ချစ်ခဲ့ရသည့်ကိုကိုပါ....ကိုကို့ကို ဘယ်လောက်အထိ ဘယ်အတိုင်းအတာထိချစ်ခဲ့လည်းဆိုတာ ငုဝါကိုယ်တိုင်သိသည်။
အချစ်ဦးဆိုပေမယ့်....အသက်အရွယ်အပိုင်းအခြား
ကျော်လွန်လာသည့်အလျောက် အချစ်ဦးကိုကိုနှင့် ပတ်သတ်သမျှအတိတ်တွေကို မမေ့ပစ်နိုင်ခဲ့တာအမှန်ပင်။


သူများတွေ၏ ဆယ်ကျော်သက်ရင်ခုန်မှုက အချိန်အတိုင်းအတာတစ်ခုအထိသာ တာရှည်ကြပေမယ့် ငုဝါအတွက်တော့
အချစ်ဦး အချိန်ကြာသည်အထိမမေ့နိုင်ဘဲ
နောက်ထပ်တစ်ယောက်ကို မချစ်ချင်တော့လောက်အောင်
ထိုအချစ်က ကြာရှည်ခံခဲ့ပါသည်။


ကိုကိုဆိုသည့်သူ့ကို ခွင့်မလွှတ်ပေးနိုင်သေးပေမယ့် သူ့ကို
မချစ်ဘဲတော့ဘယ်နေနိုင်ပါ့မလည်း......



သူ့ကို မေ့ပစ်ပြီး နေခဲ့ပေမယ့် တစ်ခုခုအကြောင်းတစ်စုံတစ်ရာနှင့် တိုက်ဆိုင်လာလျှင် သူ့ကို လွမ်းနေခဲ့တာ........


လူတစ်ယောက်ကို move on နိုင်ပြီဟု ကိုယ့်ကိုကိုယ်
ဂုဏ်ယူခဲ့ပေမယ့် သူနဲ့ပြန်တွေ့တဲ့အခါ
တိတ်ဆိတ်နေသည့်နှလုံးသားက ပြန်နိုးထလာခဲ့သည်။

သို့ပေမယ့်.... ရူးမိုက်စဥ်အရွယ်ကလို ငုဝါခံစားချက်ကို သူ့ကိုထုတ်မပြဘဲ.....ကွယ်ဝှက်ပြီးသာနေတော့ဖို့ ဆုံးဖြတ်လိုက်သည်။


နဂိုကတည်းကမှ အဝေးကြီးဝေးတဲ့ နံရံတွေကြားမှာ နေလာခဲ့တဲ့လူနှစ်ယောက်က ဆုံစည်းဖို့ ဘယ်တော့မှမဖြစ်နိုင်မည့်
အမှန်တရားတစ်ခုပင်။


သူ့ကို ပြန်ချစ်မိခဲ့ရင်တောင် သူ့ကွယ်ရာမှာဘဲ
တိတ်တိတ်လေးချစ်နေချင်တော့တယ်......
ပိုင်ဆိုင်ဖို့အတွက် မစွန့်စားရဲတော့ပါဘူး....




ဘာရယ်ကြောင့်မှန်းမသိ.....သူ့ပါးပြင်ကို ထိတွေ့နေမိရင်း
ငုဝါငိုနေခဲ့တယ်.......သူ့ကို သနားမိလို့လား......
ဘာကြောင့်မှန်းမသိဘဲ မျက်ရည်တွေရစ်ဝဲလာမိတယ်.....

ငုဝါ မချစ်ဖို့ကြိုးစားပေမယ့် မတတ်နိုင်တော့ဘူး ထင်တယ်
ကိုကိုရယ်.......ဒါပေမယ့် အချစ်တွေကိုတော့
ကိုကိုမမြင်စေရပါဘူး.....နောက်တခေါက် ထပ်ပြီး
ကိုကို့ခြေအစုံမှာ မလဲကျချင်တော့ဘူး.....


~????????~Where stories live. Discover now