抖阴社区

                                    

ငုဝါတို့ သူစိမ်းတွေလိုဘဲ နေတာကောင်းပါတယ်....တကယ်လည်း သူစိမ်းတွေဘဲမို့.......



မျက်ရည်တွေကို သုတ်ပစ်လိုက်ပြီး သူ့ပါးပြင်ကို ထိထားသည့် လက်ဖဝါးကို ပြန်ရုတ်သိမ်းလိုက်သည်။

သူ့ကြောင့်နှင့် ငိုရတာတွေ သိပ်ကိုများခဲ့ပြီလေ.....




dutyကျတာမို့ သူ့အနားကနေ ငုဝါခွာလို့မရပါ....
အရိုးအကြောဆရာဝန်ဦးမြတ်ကို သူ့၏ကျိုးသွားသည့်
ညာဘက်ခြေထောက်ကို တာဝန်ယူကုသပြီးနောက်
ငုဝါနှင့်ဝန်ထမ်းအချို့ဘဲ
ဆေးရုံအခန်းသို့ ရွှေ့ပေးပြီး သူ့ကုတင်၏ဘေးက
ထိုင်ခုံမှာထိုင်ရင်း ငုဝါစောင့်နေလိုက်မိသည်။

ဆေးသွင်းထားတာ​ကြောင့်မို့ မပြတ်လဲပေးဖို့လိုလေသည်။
ထိုင်မစောင့်ဘဲ ကောင်တာမှာသွားအနားယူလို့ရသော်လည်း
သူ့အနားမှာဘဲနေကာ သတိရတဲ့အထိစောင့်နေပေးလိုက်သည်။


မနက်ဆယ်နာရီကတည်းက ဖြစ်ပျက်ခဲ့တာဆိုတော့
အခုဆိုညနေခြောက်နာရီထိုးတော့မည်။ နေ့လည်စာလည်း
လုံးဝမစားရသေးပေ။ သူ့မိသားစုက မသိကြလို့များလား...
အခုထိတစ်ယောက်မှ ရောက်မလာကြပေ။


ဒါမှမဟုတ်.... မိသားစုနဲ့အဆင်မပြေလို့လား...

မဖြစ်နိုင်ပါဘူး... သူ့မိဘတွေက သူ့ကို သိပ်ချစ်ကြတာဘဲဟာ..


ငုဝါဗိုက်ထဲက တဂွီဂွီမြည်လာပေမယ့်
ခဏသည်းခံထားလိုက်သည်။အဆာလွန်သွား၍ လူက
မူးနောက်နောက် ဖြစ်လာရသည်။
၆နာရီရောက်လျှင်တော့ ညဂျူတီဝင်မည့် သူနာပြုတစ်ယောက်ရောက်လာမှာပါလေ.....


ကုတင်ပေါ်က သူ့ကိုကြည့်လိုက်တော့ အခုထိ
သတိပြန်မလည်လာသေးပေ။ဒီလိုပုံစံကို ဘယ်လိုများစိတ်ချပြီး ဂျူတီထွက်ရပါ့မလည်း.....


ဆိုဖာပေါ်မှ မေးထောက်ရင်း အိပ်နေတာမဟုတ်ဘဲ
သတိမေ့နေသည့်မျက်နှာတစ်ခုအား ထိုင်ကြည့်နေမိသည်။

နဂိုအတိုင်း ချောမောကြည့်ကောင်းနေဆဲပင်...
.နဂိုကထက်ပိုပြီးတော့ ​ဖြစ်လောက်သည်။ ဒဏ်ရာတွေရထားပြီး အိပ်ရာထဲလဲနေတာတောင် လှပလွန်းနေသည့် သူ့ပုံစံကိုကြည့်ပြီး စိတ်ထဲမရိုးမယွဖြစ်လာသည်။


~????????~Where stories live. Discover now