抖阴社区

                                    

ကိုကို့ကို ထပ်ပြီးလှည့်စားဖို့အခွင့်အရေးမပေးနိုင်ဘူး.....



"ကိုကိုသိပါတယ်.... ဘယ်လောက်အထိနာကျည်းပြီး
မုန်းတီးနေမလည်းဆိုတာကိုရော.....ငုငယ် ခွင့်လွှတ်ဖို့ ကိုကို
ဘာဘဲလုပ်ရလုပ်ရပါ.....ဟိုးအရင်က ကိုကို့ကို နွေးထွေးပေးတဲ့ ငုငယ်လေးကိုသာ ပြန်ရရင်.... ကိုကို ဘာဘဲဖြစ်ဖြစ်ပါ...."



ကိုကိုဟာ စကားတွေကို အတည်တကျ ​ပြောနေသလို ကိုကို့မျက်နှာမှာလည်း တောင်းပန်သည့်အရိပ်အယောင်တွေ....အသနားခံလိုသည့် မျက်ဝန်းတွေကို
အတိုင်းသားမြင်နေရသည်။

ဒဏ်ရာတွေရပြီး ဆေးရုံတက်နေရတဲ့သူကို ငုဝါထပ်ပြီး
စိတ်ဒုက္ခမပေးချင်တော့ပါ......ဒီအကြောင်းတွေကို
မပြောဘဲသာနေလိုက်တော့မည်။


အခုအချိန်မှာ သူဟာ ငုဝါပြုစုရမည့်လူနာတစ်ယောက်မို့
သူအမြန်ဆုံးနေကောင်းကျန်းမာလာဖို့တာဝန်က ငုဝါအပေါ်သာ မူတည်နေလေ၏။


ဒါ့ကြောင့် သူ့ကိုရေပတ်တိုက်ပေးဖို့အတွက် မှန်ဗီရိုထဲမှာ
ဆေးရုံအဝတ်တစ်စုံနှင့် တဘက်ကို သွားထုတ်လိုက်သည်။

ထို့နောက် ဇလုံအသေးတစ်ခုထဲသို့ ရေထည့်လိုက်ပြီး သူ့အနားသို့သွားလိုက်သည်။


သူက ငုဝါလုပ်သမျှကို အစအဆုံးလိုက်ကြည့်နေလေသည်။


တခြားယောကျ်ားလေးလူနာတွေကိုလည်း
ရေပတ်တိုက်ပေးဖူးပါတယ်.....သူ့ကိုကျမှ ဘာလို့လုပ်ပေးရမှာ ရှက်ရွံ့နေမိတာပါလိမ့်.....


"ဟို...ရေပတ်တိုက်မယ်နော်.."


သူကခေါင်းငြိမ့်ပြလေသည်။ငုဝါ သူ့ရှေ့မှာ ထိုင်လိုက်သည်။

မွေ့ရာခင်းထားသည့်ကုတင်က
လူနှစ်ယောက်၏အလေးချိန်ကြောင့်
အောက်အထိအိကျသွားသည်။

ကုတင်ကြောင့် ငုဝါဟန်ချက်ပျက်သွားစဥ် သူက လူကိုဆွဲပြီး ထိန်းထားပေးသည်။ မြန်ဆန်စွာ ဖြစ်ပျက်သွားတဲ့ အခြေအနေမှာ
ငုဝါလက်တွေက သူ့ရင်ဘတ်ကိုထောက်ထားလျက်.....
သူကငုဝါပခုံးစွန်းတွေကို ကိုင်ပြီး ထိန်းထားလေသည်။

~????????~Where stories live. Discover now