抖阴社区

                                    

ထိုအခိုက်အတန့်မှာ ငုဝါ့၏ရင်ခုန်နူန်းတွေ
မြန်နေရုံသာမကဘဲ...သူ့ဆီက ရင်ခုန်သံတဒိတ်ဒိတ်ကိုပါ ငုဝါကြားနေရသည်။ သူလည်းဒီအတိုင်းဘဲ ဖြစ်နေမလား....။


နှစ်ယောက်လုံး တစ်ယောက်နဲ့တစ်ယောက် ကြည့်နေမိပြီးမှ
ပြန်သတိဝင်ပြီး..... ကိုကိုက
နောက်သို့နည်းနည်းဆုတ်ပေးလေသည်။ငုဝါလည်း
သူ့နဲ့မထိကပ်နေအောင် နောက်သို့နည်းနည်းတိုးလိုက်ပြီး...

မရဲတရဲနှင့် သူ့ဝတ်ထားသည့်ဝတ်စုံမှ ပထမဆုံးကြယ်သီးကို
ဖြုတ်လိုက်သည်။

ကြယ်သီးတွေ၏နေရာက ခြားသောကြောင့်
တစ်လုံးဖြုတ်လိုက်သည်နှင့် သူ့ရင်ဘတ်ဖွေးဖွေးကို အတိုင်းသားမြင်သွားရသည်။


ငုဝါ ပူနေသည့်မျက်နှာကို မနည်းထိန်းထားရသလို....သူလည်း လက်တွေလှုပ်ပြီး စိတ်လှုပ်ရှားနေသည်ထင်၏။

ကြယ်သီးသုံးလုံးသာပါသည့်အင်္ကျီကို ချွတ်ဖို့ရာ
တော်တော်အချိန်ယူနေရပါသည်။ တခြားလူနာတွေဆို ​ဖျတ်ဖျတ်လတ်လတ်နှင့် မြန်လွန်းလှသည်။ သူ့ကိုအင်္ကျီချွတ်ပေးဖို့ရာ အတော့်ကိုခက်ခဲနေမိပါသည်။


နောက်ထပ်နှစ်လုံးကို ဖြုတ်လိုက်ပြီးနောက်
သူ့ရင်ဘတ်ကြွက်သားအမြောင်းတွေကအစ
အတိုင်းသားပေါ်လာလေသည်။ သူ့fanကောင်မလေးတွေ
သိပ်ကြိုက်သည်ဆိုသည့် သူ့၏six packsတွေပေါ့....


ဖုန်းထဲမှာ ခဏခဏမြင်ဖူးနေပေမယ့် အခုလိုအပြင်မှာ အတိုင်းသားကြီးတွေ့ရသည့်အခါ
တော်တော့်ကိုအနေရခက်မိသည်။



သူ့မျက်နှာကလည်း တော်တော်လေးနီနေသလို
ငုဝါ့မျက်နှာဆိုလည်း စတော်ဘယ်ရီတစ်လုံးလိုမျိုး
နီရဲလို့နေလေ၏။


သူ့ကို ရေပတ်တိုက်တာကို မြန်မြန်လတ်စသတ်မှပါဘဲ.... အဲကွန်းဖွင့်ထားရက်နှင့်ကို လူကဇောချွေးပြန်လာရသည်။


သူ့အင်္ကျီကို ချွတ်ပေးပြီးနောက်....ရေဇလုံထဲနှစ်ထားသည့်အဝတ်ကို ရေညှစ်လိုက်ပြီးနောက် သူ့လည်ပင်းကနေစပြီး
တိုက်ပေးလိုက်သည်။ထို့နောက်ရင်ဘတ်တွေ....ပြီးတော့ နောက်ကျောတွေ....

~????????~Where stories live. Discover now