ဟင်.......သူ့ညာဘက်ပခုံးဘက်တွင် အင်္ဂလိပ်စာလုံးNကို
ပုံဖော်ပြီး တက်တူးထိုးထားလေသည်။ Nဆိုတာ
ဘယ်သူများပါလိမ့်.....သူ့နဲ့ပတ်သတ်တဲ့မိန်းကလေးတွေ မင်းသမီးတွေကလည်း နောက်ဆုံးတို့ အလယ်တို့မှာ
Nစာလုံးပါသည့် သုံးယောက်လောက်ကိုရှိသည်။သူတို့ထဲကတစ်ယောက်များလား.....ကိုကို့ ပခုံးမှာ အမှတ်အသားလုပ်ထားရသည့်အထိ အဲ့ဒီမိန်းကလေးက တော်တော်စိုးမိုးထားတာဘဲ....
ငုဝါ ရေပတ်တိုက်နေရင်းကနေ အလကားသက်သက် ဒေါသတွေဖြစ်နေမိသည်။ ပြီးမှ ကိုယ်နှင့်မဆိုင်ဘဲ ဒေါသထွက်မိသွား၍
ကိုယ့်ကိုကိုယ် ရှက်နေမိတော့သည်။ရေပတ်သေချာတိုက်ပေးပြီးနောက် အင်္ကျီအသစ်ကို
ဝတ်ပေးလိုက်ပြီး ကုတင်ပေါ်က ဆင်းခဲ့လိုက်သည်။ ထို့နောက် အဝတ်အဟောင်းကို ဒိုဘီဆီပို့ဖို့အတွက် ပလတ်စတစ်ခြင်းထဲသို့ ထည့်လိုက်သည်။ကိုကို့၏ ကိုယ်သင်းနံ့ကတော့ လုံးဝမပြောင်းလဲသွားဖူးဘဲ....
ဟိုးအရင်ကလို စွယ်တော်ပန်းနံ့လေးဘဲ....အယ်...နေပါဦး... ငါက ဘာလို့ဒါတွေကို
မှတ်မိနေရတာလည်း...မေ့စမ်းငုဝါ...သူနဲ့ပတ်သတ်သမျှကို
မေ့သာထားစမ်း...မမိုးက မနက်စာကျွေးပြီးသွားပြီဆိုတော့ သူ့ကို
မနက်ဆေးတိုက်ရမည်။မနေ့ကကတည်းက ဆရာဝန်ပေးထားသည့်ဆေးတွေကို
သူ့လက်ထဲကို သေချာထည့်ပေးပြီး ရေတစ်ခွက်ဘေးက
အသင့်ထားလိုက်သည်။တစ်ငုံတည်းသောက်လိုက်လို့ရသည့်ဆေးမဟုတ်.....
ဆေးတွေကများတာကြောင့်ရယ် ကြီးတာရယ်ကြောင့် နည်းနည်းချင်းခွဲသောက်မှရပေလိမ့်မည်။သူဆေးသောက်ပြီးတော့ သွေးပေါင်ပြန်တိုင်းလိုက်သည်။ သွေးပေါင်ကတော့ပုံမှန်ပါဘဲ....ကုန်သွားသည့်ဆလိုင်းကိုဖြုတ်ပြီး အသစ်ထပ်ချိတ်လိုက်သည်။ ဆေးကတော့
ဒဏ်ရာကျက်ခါနီးအထိချိတ်ပေးရမှာဖြစ်၏။"ဒီဆေးတွေက နည်းနည်း အိပ်ချင်တယ်....
အိပ်လိုက်ဦးနော်..ခဏနေရင် ဆရာမနောက်တစ်ယောက်
လာကြည့်ပေးလိမ့်မယ်.."

YOU ARE READING
~????????~
Romance. ??????.......???????? ????????..... ???????????? ?????????????????????????????..... ???????? ?????????????????? ?????????????? ??????????????.... ????????????? ?????????????????????.....????????????????????? ??????? ????????????????????????...
part-23
Start from the beginning