抖阴社区

                                    

"ငုငယ်ကရော...ကိုကို့ကို တစ်ချိန်လုံး
ငုငယ်ပြုစုမှာမဟုတ်ဘူးလား..."



"ကျွန်မတို့က ငှားထားတာမဟုတ်ရင်
အလှည့်ကျနဲ့ကြည့်ပေးရတာပါ...ဒီကလူနာပြီးရင်
တခြားအခန်းကို ​​ပြောင်းကြည့်ရမှာပါ..."


သူ့မျက်ခုံးတွေ ကြုတ်သွားပြီး
အလိုမကျသည့်ပုံစံဖြစ်သွားလေသည်။

ငုဝါခေါင်းအုံးတွေကို ပြန်ချကာ သူ့ကိုကူလှဲပေးပြီး
စောင်ပါးပါးလေးကို ခြုံပေးလိုက်သည်။



"ခြေထောက်က စတီးရိုးထည့်ထားတော့
အလျင်စလိုလုပ်လို့မဖြစ်ဘူးနော်....အပေါ့အပါးသွားချင်ရင် တခြားသူနာပြုတစ်ယောက်ကို အကူအညီတောင်းပါ..."


"........"



သူဘာမှပြန်မပြောဘဲ မျက်စိတွေသာမှိတ်ထားတာကြောင့်
ငုဝါလည်း အဝတ်ခြင်းကိုယူကာ အခန်းအပြင်သို့ထွက်လာခဲ့လိုက်သည်။



~~~~~





နေ့လည်ထမင်းစားချိန်အပြီး ခဏအနားယူရင်း wifiဖွင့်ကာ အချစ်ဆုံးသူငယ်ချင်းမေသူ့အား video call ခေါ်လိုက်သည်။
active now ဖြစ်နေတာကြောင့် ချက်ချင်းဖုန်းဝင်ပြီး
ကိုင်လေသည်။



"ဘာလဲ... အရူးမ..."



တစ်ဖက်က စကားသံချိုချိုကြောင့်
ငုဝါမျက်စောင်းထိုးလိုက်သည်။

"ခွေးမက ပြောစရာရှိလို့ဆက်တာကို စျေးကိုင်နေသေးတယ်"



မေသူက အခုသြဇီမှာဖြစ်သည်။ lgbtတစ်ယောက်ဖြစ်ပြီး
သူချစ်ရတဲ့မမနှင့်အတူတူ သြဇီမှာ နေနေတာလည်းဖြစ်၏။

မိန်းကလေးချင်းချစ်ကြ၍ သူ့အိမ်က သဘောမတူတာကြောင့်
သြဇီမှာဘဲ သူ့ချစ်သူနှင့်အခြေချနေထိုင်နေသည်။

အချစ်ဆိုတာ မိန်းကလေးချင်းဘဲချစ်ချစ်....
ယောကျ်ားလေးချင်းဘဲချစ်ချစ်.......ယောကျ်ားလေးနှင့်မိန်းကလေးဘဲချစ်ချစ်....ချစ်နေဖို့သာ လိုတာပါဘဲ.....

မေသူ့မိဘတွေကတော့ နားလည်မပေးနိုင်ဘဲ ခွဲဖို့ကြိုးစားကြ၍ မေသူလည်း မိသားစုကို စွန့်ပြီး သူချစ်ရတဲ့သူနောက်
လိုက်လာတာလည်းဖြစ်သည်။



~????????~Where stories live. Discover now