"အဲ့ဒါကလေ မောင်လေးသတင်းကြားကြားချင်း မေမေနှလုံးရောဂါဖောက်လို့ ဟိုမှာဘဲအရေးပေါ်တင်လိုက်ရသည်။
"ဗျာ...မေမေဘယ်လိုနေသေးလည်း..."
"စိတ်မပူပါနဲ့.... ခဏလေးရှော့ရသွားတာမျိုးပါ...
သက်သာနေပါပြီ...မနက်ဖြန်ဘဲ ဒီကိုပြန်လာတော့မှာ.""တော်သေးတာပေါ့... ကျွန်တော့်ကြောင့်မေမေ့ကို
တစ်ခုခုမဖြစ်စေချင်ဘူး.....""ဟိုမှာက ဖေဖေရော အလတ်မပါရှိတယ်လေ.....မေမေ့အတွက်မပူရဘူး....ကလေးအတွက်ဘဲစိတ်ပူတာ...
တစ်ယောက်တည်းလေ...""ကျွန်တော့်ကိုပစ်သွားတုန်းက ပစ်သွားကြပြီးတော့..."
"ဟင်... မမတို့ကခေါ်တယ်လေ...သူ့ဘာသာ series ရိုက်စရာရှိတယ်ဆိုပြီး နေခဲ့တဲ့ဟာကို....."
"ထားပါတော့ဗျာ....ဒါပေမယ့်မမတို့မရှိလည်း မပူပါဘူး... ကျွန်တော့်ဘေးမှာ သိပ်ချစ်စရာကောင်းတဲ့
နိုက်တင်ဂေးလေးရှိနေတာကို...""အယ်...ဘယ်သူလဲ ဘယ်သူလဲ "
ငုဝါ သူ့အခန်းထဲသို့မိန်းမတစ်ယောက်ဝင်သွားသည်ဟု
သန့်စင်ခန်းဝင်နေရင်းကြားတာကြောင့် အမြန်ဆုံး
သုတ်ချေတင်ပြီး အခန်းဆီပြေးလာလိုက်လာ....အခန်းထဲမှမြင်ကွင်းကြောင့် လူမှာကြောင်အလျက်.....
အရမ်းလှသော မိန်းမတစ်ဦးက သူ့ကို မတ်တပ်ရပ်ပြီး ဖက်ထားလေသည်။ ထိုမိန်းမ၏နောက်ကျောကိုသာမြင်ရပြီး ထိုင်နေသည့် ကိုကိုနှင့် ငုဝါက မျက်နှာချင်းဆိုင် ဖြစ်နေသည်။
"ဟင်...ငုငယ်"
ငုဝါပြန်ထွက်ဖို့အပြုတွင် ကိုကိုကခေါ်လေသည်။..
ပြန်လှည့်ကြည့်လိုက်တော့ ထိုမိန်းမက ကိုကို့ကိုဖက်ထားသည်ကနေ ခွာလေသည်။ ပိုင်စိုးပိုင်နင်းနှင့်ဖက်ထားလိုက်ကြတာ..
သူတို့က ဘာတွေများပတ်သတ်ကြတာလည်း....ခုနကဘဲ ငုဝါကို အတည်လိုက်မယ်ပြောပြီး အခုကျတခြားမိန်းမတစ်ယောက်နှင့်သူ့ကို နားမလည်နိုင်တော့ပါ။

YOU ARE READING
~????????~
Romance. ??????.......???????? ????????..... ???????????? ?????????????????????????????..... ???????? ?????????????????? ?????????????? ??????????????.... ????????????? ?????????????????????.....????????????????????? ??????? ????????????????????????...
part-25
Start from the beginning