抖阴社区

                                    

သူတို့နှစ်ယောက်အား မျက်မှောင်ကြုတ်၍သာ
ကြည့်နေမိတော့၏။


"ငုငယ်...လာလေ...ကိုကိုမိတ်ဆက်ပေးမလို့..."



ဘာလဲ... သူ့ရည်းစားဆိုပြီး မိတ်ဆက်ပေးဦးမှာမို့လား...ငုဝါရေနင်တော့ နောက်တခေါက် ပလေးခံရပြန်ပြီထင်တယ်...


"ငုငယ်....ဒါ ကလေးပြောပြောပြနေတဲ့ မြင်းခြံက ကလေးလေးမဟုတ်လား..."



ငုဝါကိုသူသိနေတာလား...ပြီးတော့လည်း ကလေးလေးတဲ့..
ကိုကို့ကိုလည်း ကလေးလို့ခေါ်သေးတယ်....ဘာတွေလဲ...



"ဟုတ်တယ်.... ကျွန်တော်ပြောပြောနေတဲ့ ငုငယ်လေ...
နာမည်အရင်းက ငုဝါနွယ်တဲ့....."




"အော်...ချစ်စရာလေးဘဲ...ငုငယ်လေးအ​ကြောင်းကိုတော့ မမ
ကြားဖူးတာကြာနေပါပြီ..လူကတော့အခုမှတွေ့ဖူးတာဘဲ...."



"မမ သူ့ကိုငုဝါလို့ဘဲခေါ်....ငုငယ်ဆိုတာ
ကျွန်တော်ခေါ်တဲ့နာမည်"



ကိုကိုက ထိုသို့ ပြောတော့ ငုဝါရယ်ချင်မိသည်။သို့သော်
မရယ်နိုင်သေးပါ...သူတို့နှစ်ယောက်၏ပတ်သတ်မှုကို
မသိရသေးလို့..



"အမလေး ဒါလေးခေါ်တာကို တွန့်တိုနေတာ....ငုဝါ...ညီမလေး.. မမနာမည်က နွယ်လေးမှီတဲ့...သူရတည်တံ့ရဲ့အစ်မဘဲ...."


"ရှင်......"



ငုဝါအံ့သြပြီး နူတ်ကပါ အာမေဋိတ်သံထွက်မိသွားရသည်။

ငါတော့ မိုးကြိုးတွေအတောင့်လိုက်ပစ်တော့မှာလည်း...

မောင်နှမတဲ့....ဘယ်လိုစိတ်တွေတွေးပြီးတော့များ
ဘယ်လိုထင်လိုက်တာလည်း ငုဝါရယ်....ကိုယ့်စိတ်နဲ့ကိုယ်
ထင်ချင်ရာထင်နေလိုက်တာ....



"ဟို...တွေ့ရတာဝမ်းသာပါတယ် မမ..."


ငုဝါ သွားသုံးဆယ့်နှစ်ချောင်းလုံးပေါ်အောင် ရယ်ပြလိုက်သည်။

ထိုမမ၏မျက်နှာကိုကြည့်လိုက်...ကိုကို့မျက်နှာကိုကြည့်လိုက်ဖြင့်
ဒီလောက်တောင် ရုပ်ချင်းဆင်တာကို...
တလွဲတွေးလိုက်မိသေးတာ...

မိန်းမတစ်ယောက်လိုဝတ်စားထားလို့သာ...
မျက်နှာကျတွေ...မျက်ခုံးတွေ...မျက်လုံးတွေက တကယ်ကိုကို့မျက်နှာနှင့် တစ်ထေရာတည်းပင်။



~????????~Where stories live. Discover now