ကားမှန်ချလိုက်မှ သူ့မျက်လုံးတွေက အတိုင်းသားပေါ်လာလေသည်။ အရင်လိုဦးထုပ်ရော maskရောဆောင်းထားသည်။
သူတို့အနုပညာရှင်တွေများမလွယ်လိုက်တာ...ဘယ်သွားသွား လွတ်လွတ်လပ်လပ်မသွားရဘူး....."ငုငယ်...."
သူက ကိုယ့်ရှေ့ရောက်တော့ maskကိုချွတ်ပြီး ရယ်ပြလေသည်။ ပြီးမှ ပြန်တပ်ပြီးနောက်....
"ဘာလာလုပ်တာလဲ... ပြီးတော့ ဖုန်းကို
ဘာလို့ယူသုံးထားတာလား...."ဖုန်းအကြောင်းမေးပြီးကာမှ password ကို ပြန်တွေးမိ၍ ငုဝါမျက်နှာရဲခနဲဖြစ်သွားရသည်။ ဘာအဓိပ္ပါယ်လဲဆိုတာ သူလည်းသိနေတာဘဲ......
"ကိုကိုဟိုနေ့က ပြောတယ်လေ....တောင်းပန်ပါတယ်.. ကိုကို privacy ကို ချိုးဖောက်သလိုဖြစ်သွားတယ်..."
ငုဝါ သူ့ကို မျက်စောင်းထိုးလိုက်သည်။လုပ်ချင်ရာလုပ်ပြီးမှ တောင်းပန်တတ်သည့်သူ.......
"သိရင်ပြီးရော "
ငေါ့တော့တော့ပြောလိုက်တော့ သူရယ်သည်။ ငုဝါစိတ်ဆိုးတာတောင် သူရယ်သေးသည်။
"ဒါထက်....ဖုန်းရဲ့passwordက ဘာအဓိပ္ပါယ်ပါလိမ့်"
"ဟမ်...."
မသိချင်ယောင်ဆောင်ထားမည်ဟု ထင်ထားပေမယ့်
သူကတန်းခနဲမေးချလာလေသည်။"ဟို...ဘာကိုပြောတာလဲ"
ငုဝါသိပေမယ့် ရူးချင်ယောင်ဆောင်လိုက်သည်။
"KOKO174ဆိုလား..."
တကယ်ပါဘဲ လူကိုနေစရာမရှိအောင် လုပ်နေတာများလားမသိပါဘူး...
"အော်...ကျစ်.. ဟို...KOKoဆိုတာ အဆောင်က ခွေးလေးနာမည်လေ...ချစ်လို့pwထားထားတာ"
"ဟောဗျာ..."
သူရှက်ရမ်းရမ်းပြီး ဖြေလိုက်ပုံက ကိုယ်တောင်ခွေးလုံးလုံးဖြစ်သွားရသည့်အဆင့်......တော်ပါတော့
သူရတည်တံ့ရာ...မင်းဆက်သာမေးနေရင် မင်းကိုယ်တိုင်
ဝက်တွေနွားတွေပါ ဖြစ်ကုန်လိမ့်မယ်...သူ့ကိုယ်သူ ရယ်စရာတွေးပြီး ခေါင်းခါ၍ရယ်နေသည်။
ပြီးမှ ငုဝါကို လှမ်းကြည့်သည်။ သူရယ်နေတာကို မကျေနပ်သလိုကြည့်ရင်း မျက်လုံးအဝိုင်းသားလေးဖြင့်....

YOU ARE READING
~????????~
Romance. ??????.......???????? ????????..... ???????????? ?????????????????????????????..... ???????? ?????????????????? ?????????????? ??????????????.... ????????????? ?????????????????????.....????????????????????? ??????? ????????????????????????...
part-29
Start from the beginning