ဦးမာန်နေစွယ်လည်း သတိမရသေးတော့ ဓနိ ခုနကစကားကောင်းကောင်းမပြောလိုက်ရသည့် ငုဝါကို ရှာဖို့ဆေးရုံခန်းဆီမှ ထွက်လာခဲ့လိုက်သည်။
သူနာပြုဝတ်စုံနှင့် မိန်းကလေးတွေအများကြီးရှိသော်လည်း သူမမဟုတ်ပေ။
အထွက်ပေါက်ဆီသို့ လှစ်ကနဲပြေးသွားသည့်ကျောပြင်လေးကို တွေ့လိုက်ရမှ နောက်ကလိုက်သွားခဲ့လိုက်သည်။
ဖြစ်နိုင်ချေတွေအများကြီးမရှိသော်ငြားလည်း သူလမ်းခွဲခဲ့လို့ သူမနာကျင်နေမလား...စိတ်ညစ်နေမလားဟု တွေးမိသေး၏။
မကို အချစ်ရောသံယောဇဥ်ရောရှိတာမို့ ထိခိုက်ခံရမည်စိုး၍
သူ့ဘက်ကစပြီးလမ်းခွဲခဲ့တာလည်းဖြစ်သည်။ တစ်ဖက်မှာက
သူကချစ်ရတဲ့သူ...တစ်ဖက်မှာကသူ့ကိုချစ်နေသည့်သူ....သူဘယ်ဘက်ကို ခုန်ဆင်းရမလည်းဟုစဥ်းစားမရပေမယ့်
ချစ်ရတဲ့သူကိုတော့ မနာကျင်စေချင်ပါ.....မ..က သူ့အတွက် love at first sight လို
မြင်မြင်ချင်းအချစ်ဖြစ်ခဲ့ပြီး အချစ်ဦးလည်းဖြစ်ခဲ့သည်။ရိုးသားဖြူစင်ပြီး ပွင့်လင်းသည့်အပြုံးလေးနှင့်သူမက အချစ်ဦးနေရာသို့တရားဝင်ရခဲ့လေသည်။
အလွတ်မှတ်ထားမိသည့်ကျောပြင်နောက်သို့ပြေးလိုက်ရင်း ဆေးရုံရှေ့၌ သူမထမင်းချိုင့်ကို ကူကိုင်ပေးပြီး လမ်းအတူလျှောက်သွားသည့် အမျိုးသားတစ်ယောက်ကိုတွေ့လိုက်ရသည့်အခါ....သူမပြောသည့်အချစ်ဦးဆိုတာကို သတိရသွားခဲ့၏။
တစ်ခါမှမမြင်ဖူးသည့် နှစ်လိုဖွယ်အပြုံးတွေနှင့် ထိုအမျိူးသားကိုပြုံးပြနေကတည်းက ထိုသူဟာ သူမမမေ့နိုင်ခဲ့သည့်
ပထမဆုံးသောသူဆိုတာကို သူမမပြောပြလည်းသူရိပ်မိခဲ့ပါပြီ...maskတပ်ထား ဦးထုပ်ဆောင်းထားပေမယ့်
သူဘယ်သူလဲဆိုတာ သိနေခဲ့၏။ရုပ်ရှင်အတူတူသွားကြည့်တိုင်း ထိုမင်းသား၏မျက်နှာပါသော series poster တွေကို သူမရပ်ပြီးငေးကြည့်နေတာကို
ရိပ်မိခဲ့ပြီး ဒီအတိုင်း မင်းသားတစ်ယောက်ကိုသဘောကျတာမျိုးထင်နေခဲ့တာ.....

YOU ARE READING
~????????~
Romance. ??????.......???????? ????????..... ???????????? ?????????????????????????????..... ???????? ?????????????????? ?????????????? ??????????????.... ????????????? ?????????????????????.....????????????????????? ??????? ????????????????????????...
part-32
Start from the beginning