抖阴社区

                                    

ဒီလိုအခြေအနေမျိုးမှာတောင် ကိုကိုက သူ့စိတ်သူထိန်းနိုင်ခဲ့သည်။ ကိုကိုသာဆိုလျှင် ငုဝါဘက်က အဆုံးထိလက်ခံဖို့အဆင်ပြေပေမယ့် ကိုကိုကတော့ အခွင့်အရေးမယူခဲ့ပါ....

ကိုကို့ကုတင်ခြေရင်း၌ တင်ထားသောအဝတ်တွေကို
ယူဝတ်ပြီးနောက် မျက်နှာကို နို့ရည်ပါးပါးလေးလူးလိုက်သည်။ဆံပင်ကိုတော့ dryer နှင့်ခြောက်အောင်မှုတ်ရလိမ့်ဦးမည်။

ဆံပင်ထူပြီးရှည်သည့်သူမို့ ခေါင်းလျှော်ပြီးလျှင်ခြောက်ဖို့က တော်တော်မလွယ်ပါ.......

dryerသုံးရတာကိုမကြိုက်သော်လည်း ဆံပင်ကြီးစိုနေမှာကို
မနေတတ်တာမို့ သုံးရပေဦးမည်။

မှန်တင်ခုံရှေ့မှာထိုင်ရင်း ကိုယ့်မျက်နှာကိုကြည့်မိပြီး ခုနကအဖြစ်အပျက်တွေက မျက်လုံးထဲကွင်းကွင်းကွက်ကွက် ပေါ်လာလေသည်။

နူတ်ခမ်းကို သေချာကိုင်ကြည့်ရင်း ကိုကို
တယုတယနမ်းသွားတာကို ပြန်အမှတ်ရပြီး ပြုံးနေမိသည်။

ပထမဆုံးfirst kissကို ကိုကိုက ပြင်သစ်အနမ်းဖြင့် စတင်အသက်သွင်းလေ၏။

အရင်ရည်းစားတွေနဲ့နမ်းတုန်းကဆို ရင်ခုန်သံက တိတ်ဆိတ်နေခဲ့သော်လည်း ကိုကိုနှင့်ကျမှ ရင်ခုန်နူန်းတွေမြန်လာသည်။

တပြိုင်နက်တည်း သူ့အရင်ရည်းစားတွေကိုလည်း
ဒီလိုမျိုးဘဲနမ်းခဲ့မှာပါလားလို့ တွေးရင်း မနာလိုလည်းဖြစ်မိ၏။

ငုဝါတို့နှစ်ယောက်လုံးအတွက် ပထမဆုံးဆိုပေမယ့် ဦးဆုံးအနမ်းတွေတော့မဟုတ်ကြပါ......ငုဝါလည်း အရင်ရည်းစားတွေနဲ့ နမ်းခဲ့ဖူးသလို ကိုကိုလည်းနမ်းခဲ့ဖူးမှာပါဘဲ........

သူ့အရင်ရည်းစားငါးယောက်ကို မုန်းလိုက်တာ တကယ်.....ကိုကိုအနမ်းတွေကို တစ်နှစ်ကျော်လောက်ရခဲ့တဲ့သူတွေမို့လို့.....

~~~

တည်တံ့ ရေခဲသေတ္တာထဲမှ ရေသန့်တစ်ဗူးယူပြီး ဖန်ခွက်ထဲလောင်းထည့်ကာ တရစပ်သောက်နေမိ၏။ ခန္ဓာကိုယ်အပူရှိန်ကလည်း ရေအေးသောက်တာတောင် တော်တော်နဲ့ပြေမသွားချေ...

~????????~Where stories live. Discover now