抖阴社区

                                    

တစ်ယောက်ထဲကြိတ်ခံစားနေရလည်း မြိုသိပ်နေပါတော့မယ်....
ကိုကို့ကို ဘယ်လိုနည်းနဲ့မှပေါ့....... မစွန့်လွှတ်နိုင်ပါဘူး.......


အရင်ကဆို ကိုကိုလာကြိုနေကျနေရာလေးမှာ
ငုဝါတစ်ယောက်တည်းရပ်နေမိတာ......အချိန်အတော်ကြာလှပြီ
..

ကိုကိုများ လာကြိုမလားဆိုတဲ့အတွေးရယ်.....မျှော်လင့်နေမိတဲ့စိတ်တွေနဲ့ တမ်းတနေမိတာပါ......

ဒါပေမယ့် ကိုကိုက ရောက်မလာခဲ့ဘူး....

မိုးချုပ်နေပြီဆိုမှ ငုဝါ ထို​နေရာမှ ထွက်လာခဲ့လိုက်သည်။ ဘတ်စ်ကားပေါ်မှာလည်း လူတွေကအပြည့်မို့ မှတ်တိုင်နှစ်ခုအကျော်လောက်မှာဘဲ ဆင်းခဲ့ပြီး....အဆောင်သို့လမ်းလျှောက်လာခဲ့သည်။

လမ်းတလျှောက် ကြော်ငြာဆိုင်းဘုတ်တွေ၏ ကိုကို့မျက်နှာထင်းထင်းလေးကို မြင်မိပြီး မျက်ရည်ကသူ့အလိုလို
ရစ်ဝဲလာသည်။

ဒီလိုမျိုးပစ်ထားမှာဆိုရင် ဘာလို့ချစ်ခဲ့သေးတာလည်း ကိုကိုရယ်


အဆောင်ရောက်တော့လည်း ကိုယ့်အခန်းထဲကိုဝင်ပြီး
ရေချိုးခန်းထဲမှာအချိန်တော်ကြာသည်အထိ ထိုင်နေမိပြန်သည်။ အချစ်ကြောင့် ရူးချင်နေပြီ ကိုကိုရယ်......

နောက်ဆုံး လွမ်းသည့်ဒဏ်ကို မခံနိုင်တဲ့အဆုံး..... မခေါ်တာ
တပတ်ကြာပြီဖြစ်သည့် ဖုန်းနံပါတ်လေးအား ငုဝါကဘဲ
စပြီးခေါ်လိုက်မိသည်။

သို့ပေမယ့်......

မိတ်ဆွေခေါ်ဆိုနေသော တယ်လီဖုန်းမှာ
စက်ပိတ်ထားပါတယ်ရှင်တဲ့.......

ဆယ်ခါခေါ်လည်း ဒီအတိုင်းပါဘဲ.....အခါနှစ်ဆယ်ခေါ်လည်း ပြောင်းလဲမသွားပါ......

ကိုကို...တကယ်ဘဲ နေနိုင်သွားပြီလား....


ငုဝါ ဒူးနှစ်ဖက်ပေါ်မျက်နှာအပ်ရင်း ငိုနေမိတော့သည်။
ဘေးအခန်းက အစ်မတွေက ငိုသံကြောင့် လာမေးကြပေမယ့် ငုဝါအဖြေမပေးနိုင်ပါ......

အကုန်လုံးက ငုဝါအမှားတွေချည်းပါဘဲ.....


~~~~~


~????????~Where stories live. Discover now