<Unicode>
"ဆိုတော့...အခုကဇာတ်လမ်းရဲ့ဘယ်အချိန်ရှိ....."
"အခုကဇာတ်လမ်းရဲ့တဝက်တောင်မရှိသေးပါဘူးအစပဲရှိသေးတယ်အခုရှလန်စစ်က၁၂နှစ်ရှိပြီးသိပ်မကြာခင်ချန်လန်လင်ရောက်လာတော့မှာ..."
"ဒီကမ္ဘာအတွက်မစ်ရှင်တွေကဇာတ်လိုက်ကိုရိုက်ချရန်၊ရှလန်စစ်အပေါ်တပည့်ကောင်းပီသစွာနေထိုင်ရန်၊ကြင့်ကြံခြင်းလောကကြီးကိုဗြောင်းဆန်အောင်ပြုလုပ်ရန်...နတ်ဆိုးေတွနဲ့နတ်ဘုရားတွေကိုကလဲ့စားချေရန်...ဒါပါပဲhostကျွန်တော်သွားတော့မယ်"
"ဟ...လောလှချည်လား"
"မလောလို့မရဘူးhostသားမွှေနေပြီး...ကောင်းကင်ဘုံကစားဖိုဆောင်ကိုသူကြိုက်တဲ့ဟင်းမချက်လို့မီးရှို့လိုက်တယ်တဲ့...မြန်မြန်သွားမှဖြစ်မယ်"
ပျောက်သွားတဲ့အစိမ်းလုံးရဲ့စကားတွေကိုစဉ်းစားကာလန်စစ်တခွီးခွီးနဲ့ထိုင်ရယ်နေလိုက်သည်။
သူ့သားကတကယ့်ကိုဖအေတူသားပင်....စားဖိုဆောင်ပြင်ရတာအခုမှပထမဆုံးမဟုတ်ပေသူနဲ့သူ့ညီငယ်ငယ်တုန်းကလည်းတစ်ခုခုမကျေနပ်ပါကအရင်ဆုံးပြဿနာရှာသည့်ေနရာကာစားဖိုဆောင်ဖြစ်လို့စားဖိုဆောင်ကိုပြန်ပြင်ရသည်မှာအကြိမ်ပေါင်းထောင်ချီနေလေပြီး
ဖအေတူသားငမွှေထိုးလေးကြောင့်ခေါင်းခြောက်နေရအုံးမယ်ကျိုချန်းအဖြစ်ကိုတွေးမိတော့ပိုလို့ရယ်မောလိုက်မိသည်။
ကျွီ.....ရုတ်တရက်ထွက်ပေါ်လာသောတံခါးဖွင့်သံကြောင့်လန်စစ်ရဲ့ရယ်သံကတိခနဲရပ်တန့်သွားသည်။
တံခါးနဲ့သူ့ကြားကောက်ရိုးပုံကကြားခံထားတာမလို့ကောက်ရိုးပုံနောက်ကနေခေါင်းလေးပြူးကာထွက်ကြည့်လိုက်သည်။အဖြူရောင်ဝတ်ရုံရှည်ကိုဝတ်ဆင်ထားကာအဖြူရောင်ဆံနွယ်ရှည်တွေနဲ့အေးစက်စက်အလှတရားတစ်ခုကိုပိုင်ဆိုင်ထားတဲ့လူငယ်လေးတစ်ယောက်ကတံခါးဖွင့်ကာဝင်လာသည်။
ချန်လန်လင်ဂိုဏ်းကနေခဏတဖြုတ်အပြင်ထွက်ခိုက်ဒီနေရာလေးကနေဖြတ်သွားနေတုန်းခလေးရယ်သံလေးကိုကြားလိုက်ရတာမလို့ရပ်လိုက်ရတာပင်ဒီပတ်ဝန်းကျင်အခြေအနေနဲ့လူတစ်ယောက်မှမရှိသည်မှာသေချာနေတာမလို့ထိုရယ်သံရဲ့ပိုင်ရှင်ကသူ့ကိုမျှားခေါ်ချင်လို့လူယောင်ဖန်ဆင်းထားတဲ့နတ်ဆိုးတစ်ကောင်ဖြစ်နိုင်သည်။
