လက်ကလေးကို ဖွဖွလေးဆုပ်ကိုင်ရင်းနှင့်ဘဲ ဆေးရုံကခုံတန်းလျားပေါ်မှာ တင်ထားသည့် သေတ္တာအသေးလေးအား မျက်လုံးကကြည့်မိလိုက်သည်။
သံသေတ္တာလေးက ဟောင်းပေမယ့် ထိုအထဲ၌
သူမတန်ဖိုးအထားရဆုံးက ရှိလို့နေလေ၏။သူမပိုင်သည့်ပစ္စည်းဆိုပေမယ့်လည်း သိလိုစိတ်က
အားပြင်းလာသည်။သော့ခတ်ထားတာကြောင့်
ဘယ်လိုဖွင့်ရမလည်းဆိုတာ သူစဥ်းစားနေလိုက်သည်။ထို့နောက် ဆေးအရှိန်ဖြင့်အိပ်ပျော်နေသည့်သူမအား နပ်စ်နှင့်ခဏထားခဲ့လိုက်ပြီး သံသေတ္တာကိုယူကာ ဆေးရုံကနေထွက်လာခဲ့လိုက်သည်။
သော့ပြင်သည့်နေရာကိုရှာမေးပြီး သံသေတ္တာလေးမှ
ခတ်ထားသောသော့အား ဖွင့်ခိုင်းလိုက်ပြီး သူကိုယ်တိုင်
လှပ်ကြည့်လိုက်သည့်အခါ.......အထဲက ပစ္စည်းတချို့ကို ကြည့်ပြီးနောက်....
သူ့မျက်ရည်တွေသည် အတိုင်းအဆမဲ့သည်အထိ
စီးဆင်းလာခဲ့တော့၏။ပထမဆုံး...အပေါ်ဆုံးမှာထားထားတာလေးက...
ခဲဆံဘောပင်လေးတစ်ချောင်း.....အစက
ပုံမှန်ခဲဆံဘောပင်လေးဘဲလို့ ထင်ပေမယ့် သေချာယူကြည့်လိုက်တော့ အထဲမှာ သူ့လက်ရေးဖြင့်ရေးထားသည့်
စာရွက်ခေါက်ကလေးကိုတွေ့လိုက်ရသည်။စာလုံးတွေကို အပြင်ဘက်ကနေဘဲ
မရရအောင်ဖတ်ကြည့်လိုက်သည့်အခါ......"စားလိုက် အပြန်ကျ ကိုကို့ကိုစောင့်.... "
လွန်ခဲ့သည့်၈နှစ်ကျော်၉နှစ်ကာလတစ်ခုတုန်းက
သူမနဲ့စကားမပြောဘဲနေပြီး သူ့ဘက်ကစကာ
မုန့်တွေနဲ့ထိုစာရွက်လေးကိုပေးပြီး ချော့ခဲ့တာကို
ပြန်မှတ်မိလိုက်သည်။အခုထိ......အခုထိ......ဒီခဲဆံဘောပင်လေးကို သူမက
သိမ်းထားခဲ့တာလား....ဒီလိုအသေးအမွှားလေးကနေစပြီး သူမကမြတ်မြတ်နိုးနိုးနဲ့
နှစ်တွေအကြာကြီးသိမ်းထားခဲ့တာလား......."ဟား........"
သူဝမ်းသာတာလား....ဝမ်းနည်းတာလားမသဲကွဲဘဲ
မျက်ရည်တွေသာစီးကျနေလေသည်။

YOU ARE READING
~????????~
Romance. ??????.......???????? ????????..... ???????????? ?????????????????????????????..... ???????? ?????????????????? ?????????????? ??????????????.... ????????????? ?????????????????????.....????????????????????? ??????? ????????????????????????...
part-38
Start from the beginning