အခုက ကောက ပြောင်းလဲသွားပြီ။Jenoက ဆန်ပြုတ်မသောက်ချင်ဘူးလို့ပြောရင်ကြက်ပေါင်းရည်လုပ်တိုက်မယ့် လူမျိုးမဟုတ်တော့ဘူး။
Jenoက ဆေးမသောက်ချင်ဘူးပြောရင် မသောက်ရင်သေ ဆိုပြီး ပစ်ထားမယ့်လူမျိုးဖြစ်သွားပြီ။
တစ်ဖန် Lee Jenoဘက်က ကော အတွက်တွေးပေးပြီး ပြင်ဆင်ပေးထားတဲ့ ကြက်ပေါင်းရည်ကိုတောင် အပြစ်ရှာလို့ မသောက်နိုင်ဘူးဆိုဘူး စုံကန်ငြင်းနေနိုင်တယ်လေ။'ကောရဲ့jenoက မှားနေရင်တောင် ကောကအမှန်ပြင်ပေးမယ်' လို့ကောရဲ့စကားတွေဟာ နတ်သမီးပုံပြက်တစ်ပုဒ်ပါပဲလေ။တကယ်လဲ Jeno မှားခဲ့တော့ ကောက လှည့်တောင်မကြည့်ပါပဲ ပစ်ပစ်ခါခါမုန်းသွားပါလေရဲ့။ နတ်သမီးပုံပြင်မဟုတ်တဲ့ အမှန်တရားဟာ Jenoရဲ့ ရင်မှာ သူးချွန်လို ထိုးစိုက်လို့ နာကျင်နေရတယ်။
မနက်စာကိုအေးဆေးပြင်ဖို့ပြောပြီး Lee Jenoတစ်ယောက် ခြံထဲ လမ်းလျှောက်ဆင်းတယ် အချစ်တော် Yayaနဲ့အတူပေါ့ Yaya ဆိုတာ Renjun နဲ့ Jenoတို့ငယ်ငယ်ကတည်းက မွေးထားတဲ့ အမွေးစုတ်ဖွားခွေးအဖြူရောင်လေးပါ။ဒါပေမယ့် အခု yayaက အမွှေးအထူကြီးတွေနဲ့ ခွေးအဖြူရောင်ကြီးဖြစ်နေပြီ။ရာသီဥတုက အုံ့မှိုင်းမှိုင်းပေမယ့် yayaတစ်ယောက် စိတ်ပျော်နေပံုပင်။Jenoလာတာနဲ့ ခုန်ပေါက်ပြီး မြူးထူးနေတော့တာပဲ။
......
မနက်၇နာရီခွဲ။
ပုံမှန်နိုးနေကျအချိန်ထက် ၁နာရီတိတိတောင် စောနိုးနေတဲ့ Renjun ။
မျက်နှာကျက်ကမီးဆိုင်းကိုကြည့်ပြီး မနေ့ညက ကိုယ့်ကိုယ်ကိုယ့်အတွက် အရှက်ရနေမိတယ်။Huang Renjun တို့ကတော့ တစ်သက်လုံး ငြင်းလာခဲ့သမျှ မနေ့ညကမှ သူကအငြင်းခံရတဲ့လူဖြစ်သွားတာလေ။ခံပြင်းလိုက်တာ။ဝုတ်~ဝုတ်
ခြံထဲက Yayaအသံကြားတာမို့ ပျော်ပြီး ဘေးက ပြတင်းပေါက်လိုက်ကာကို ဆွဲဖယ်ကြည့်လိုက်တယ်။Lee Jeno ဟာလေ ကလေးကလား Yayaနဲ့တုပြီး မြက်ခင်းပါ်လူးလိမ့်ပြီးဆော့နေလိုက်တာ။ဝတ်ထားတာ အင်္ကျီအဖြူလေးကို ပေသွားရင် ဘယ်လိုလုပ်မလဲ။Yayaနှာခေါင်းကို မျက်နှာနဲ့တို့ထိပြီး ဆော့နေပုံက အပြစ်မရှိတဲ့ကလေးလိုပဲ။ငယ်ငယ်ကလို ရယ်လိုက်ရင် ပေါ်လာတဲ့ မျက်လုံးအပြုံးလေးတွေကြောင့်သာ Lee Jenoက ချစ်ဖို့ကောင်းနေသေးတာ။

INTO THE UNKNOWN (3)
Start from the beginning