"သားရယ်....."
ကလေးတစ်ယောက်လို အော်ငိုပြီး ပြောနေသည့်သားဖြစ်သူအား ဒေါ်မှီနှိုင်းယှဥ် ရင်ခွင်ထဲထည့်၍ ချော့နေရပါသည်။ သားဟာ
ဒီမိန်းကလေးကို သိပ်ချစ်တာပါဘဲလား.......မိန်းမဖြစ်သူ ကိုယ်ဝန်နှင့်ဆိုလျှင် ဖောက်ပြန်တတ်သည့် ယောကျာ်းတွေများလာသည့် ဒီခေတ်ကြီးထဲမှာ
သူ့သားအငယ်ဆုံးလေးဟာ ယောကျာ်းကောင်းတစ်ယောက်
ဖြစ်တာကြောင့် သူ့မှာ ကျေနပ်ပီတိဖြစ်လို့ကို မဆုံးပါ.........~~~~~
နှစ်ရက်ဆက်တိုက် အစားလည်းကျွေးမရ ရေတောင်မဖြစ်လို့သောက်ရုံသောက်ပြီး တစ်စက်လေးမှမအိပ် အနားမယူသည့်
သားဖြစ်သူအား စိုးရိမ်လို့လာရသည်။သူ့မိန်းမသတိမရမချင်း ဒီနေရာမှမထဘူးပြောကာ ဖန်အိမ်ထဲ
ထည့်ထားရသည့်သားလေးကိုတောင် သွားမကြည့်ပါ.....
တစ်ချိန်လုံးလည်း ဇနီးဖြစ်သူ၏လက်သေးသေးလေးကို
ဖွဖွကိုင်ထားသေးသည်။သွေးနုသားနုဖြစ်နေတာရယ်.....ဒဏ်ရာအရှိန်ရယ်ကြောင့်
မေ့နေတာပါဟု ဆရာဝန်တွေက ရှင်းပြသော်ငြားလည်း သူ့မှာ စိုးရိမ်စိတ်တွေ များလွန်းပြီး ချက်ချင်းကို မျက်ကွင်းတွေက
ညိုလာလေသည်။သူရတည်တံ့သည် ငုဝါနွယ်အား အဲ့သည်လောက်အထိ
ချစ်မြတ်နိုးလွန်းလှပါသည်။"ငယ်.....ကိုကို့အတွက် ပေးဆပ်ရတာတွေ များလွန်းလှပြီ....
ကိုကို့ကြောင့် နာကျင်ခဲ့ရတာတွေရော.....ကိုကိုက
မကောင်းတဲ့ကောင်ပါ ငုငယ်ရာ......ငယ့်ကို ထပ်ပြီးမငိုစေရဘူး မနာကျင်စေရဘူးလို့ ကိုယ့်ကိုကိုယ် ဂတိပေးထားပေမယ့်လည်း အဲ့ဂတိလေးကိုတောင် ကိုကိုမတည်နိုင်ခဲ့ဘူး.........ထပါကွာ.....သတိရလာပြီး ကိုကို့ကို အပြစ်စီရင်ပေးပါ......
ကိုကိုသာ အနားမှာရှိရင်လေ....ငယ်ဒီလိုဖြစ်မှာမဟုတ်ဘူး....
ကိုကို့ကြောင့် ကိုကို့ကြောင့်ဒီလိုဖြစ်ရတာ"
"မဟုတ်တာ ကိုကိုရယ်...... "
သတိရလာပြီး ရုတ်တရက် မျက်လုံးမဖွင့်နိုင်၍
ကိုကိုပြောနေတာတွေကို ငြိမ်သက်စွာနားထောင်နေမိတာ
ကိုကို့ကြောင့်ဖြစ်တာပါဟု ကိုကိုက အတင်းအကြပ်
ကိုယ့်ကိုကိုယ် စွပ်စွဲနေပြီး ယူကျုံးမရဖြစ်နေတာမို့
ငုဝါထမလာဘဲ မနေနိုင်တော့ပါ..........

YOU ARE READING
~????????~
Romance. ??????.......???????? ????????..... ???????????? ?????????????????????????????..... ???????? ?????????????????? ?????????????? ??????????????.... ????????????? ?????????????????????.....????????????????????? ??????? ????????????????????????...
Part-44
Start from the beginning