抖阴社区

                                    

"ငယ်....ငယ်ရာ....."



ကိုကိုဟာ အခုမှ ထလာသည့် ငုဝါကို ဖက််ပြီးငိုနေလေသည်။
ကိုကို့ကို ဘယ်လိုနှစ်သိမ့်ရမလည်းဆိုတာ ငုဝါလည်း
မသိတော့ပါဘူး...........

ရှိုက်ကြီးတငင်ငိုနေသည့်ကိုကို့အား ခေါင်းလေးကို
ဖွဖွလေးပွတ်ပေးနေရင်းနှင့်ဘဲ နှစ်သိမ့်လိုက်တော့သည်။


ပြီးမှ ကိုယ့်ဗိုက်ကို ပြန်စမ်းကြည့်ပြီး လန့်သွားရတော့၏။


"ငယ်....ဘာဖြစ်လို့လဲ..... နေမကောင်းလို့လား.. "


"ကိုကို ကလေးရော....ငယ်တို့ကလေးရောလို့...."


"စိတ်မပူပါနဲ့ ငယ်....သားသားလေး အသက်ရှင်ပါတယ်.."


ကိုကို့ပြောစကားကြောင့်သာ ငုဝါရင်ထဲက တစ်စို့နေသည့်
စိုးရိမ်ပူပန်မှုအလုံးကြီး ကျသွားရတော့သည်။

"တော်သေးတာပေါ့ ကိုကိုရယ်....ဟင့်....ငယ့်သားလေးကို ...
ဆုံးရှုံးရပြီးမှတ်နေတာ.......ကလေးရောဟင်"



"သားသားက မွေးရတာစောသွားလို့ ဖန်ပေါင်းချောင်ထဲထည့်ထားရတယ်.....ငယ် သက်သာမှ ကိုကိုတို့
အတူတူသွားကြည့်ရအောင်နော်..."



"ဟုတ်.... ဟင့်....."


မျက်ရည်တွေနှင့် အားငယ်နေသည့်ကောင်မလေးသည်
သူ့ရင်ခွင်ထဲသို့ တိုးဝင်လာချိန် တည်တံ့အားပါးတရ
ဖက်ထားလိုက်၏။


"မငိုပါနဲ့ ကိုကို့ငယ်ရယ်........"



~~~~~



အချိန်အတော်လေးယူလိုက်ရသည့်အခါ ငုဝါနွယ်လည်း တော်တော်လေးသက်သာလာခဲ့သည်။ ထို့နောက်
သူတို့သားလေးကို နှစ်ယောက်သားအတူတူသွားကြည့်ခဲ့ကြည်။

သားလေးဟာ ကံမကောင်းစွာနှင့် နေ့စေ့လစေ့ မမွေးဖွားခဲ့ပါ။
သို့ပေမယ့် ကံကောင်းသည်ဟုလည်း ပြောရလိမ့်ဦးမည်။
အန္တရာယ်ရှိလွန်းသည့် အခြေအနေမှာတောင်
အသက်ရှင်နိုင်စွမ်းရှိခဲ့၏။

သားသားကို အိမ်ခေါ်လို့ရပြီဆိုတာနှင့် ပိတ်နှီးစဖြူဖြူကလေးနှင့် သေချာထွေးပွေးပြီး ခေါ်လာခဲ့ကြသည်။ ကိုကို့လက်မောင်းပေါ်
ငုဝါက မှီကာ ကိုကိုချီထားသည့်သားသားလေးကို
ကြည့်လိုက်သည်။


~????????~Where stories live. Discover now