抖阴社区

                                    

မြင်းခြံကို ပြန်တော့ သားသားလည်းပါသည်။ ခုနစ်လထဲမှာရောက်နေသည့် သမီးအမြွှာလေးတွေပါသည်။ သူတို့ကတော့ ငုဝါဗိုက်ထဲကနေ လိုက်လာကြတာပေါ့......


နေ့စေ့လစေ့ကြီးနဲ့ ခရီးရှည်ထွက်ရတာ
တကယ်မလွယ်ပါ.......စိတ်သွားတိုင်း ကိုယ်မပါ....

ဓာတ်ဆီဝင်ထည့်၍ အပေါ့အပါးသွားရတာတောင်မှ
ကားပေါ်ကတော်တော်နှင့် မဆင်းနိုင်ပေ။ကိုကို ကူလို့သာပေါ့..
ကိုကို့ခမျာလည်း သိပ်သနားစရာကောင်းပါသည်။ ၂နှစ်ကျော် အာလူးပေါက်စလေးကို ထိန်းရတာကတစ်မျိုး....ဗိုက်ကြီးသည်မိန်းမကို ကူညီရတာကတစ်မျိုး...
.ကားမောင်းရတာကတစ်မျိုးနှင့်...


ထို့ကြောင့် ငုဝါတို့ ဦးငယ်နာရေးပြီးလျှင် ရန်ကုန်ကိုမပြန်တော့ဘဲ မြင်းခြံမှာဘဲ ကလေးမွေးမည်ဟု ဆုံးဖြတ်လိုက်ကြသည်။
အဲ့ဒီအခါကျမှ ဒရိုင်ဘာတစ်ယောက်လောက်ငှားပြီး ကိုကိုက ကလေးတစ်ယောက်နှင့် သူ့သားကိုထိန်း...
ငုဝါကတစ်ယောက်ကိုထိန်း.....ဒီလိုလုပ်မှ
အဆင်ပြေပေလိမ့်မည်။


မွေးပြီးပြီးချင်းတော့ ကလေးတွေခရီးပန်းမှာစိုး၍
တော်တော်နှင့်သွားလို့မဖြစ်ပါ။ နှစ်လလောက်ဖြစ်ဖြစ် နေပြီးမှ
ရန်ကုန်ကိုဆင်းတော့မည်။


ပြောမည့်သာပြောရတာ....ငုဝါရန်ကုန်မှာနေရတာ
သိပ်မပျော်...ကိုယ်နေရသည့် ကွန်ဒိုက
ကျယ်ပြီးသန့်တယ်....နောက်ပြီး မြို့လယ်ဆိုတော့
အဆင်ပြေပေမယ့် မြို့၏အငွေ့အသက်များဘဲ ရနေတာဖြစ်၏။

မြင်းခြံက နယ်မြို့လေးတစ်မြို့.... မြို့ကြီးပြကြီးတွေလို
မစည်ကားလှပေမယ့် တောရွာများကနီးကပ်လျက်ရှိတာကြောင့် တောထွက်အသီးအနှံတွေနှင့်တကွ.....နယ်မြို့လေး၏ အငွေ့အသက်ကလည်း ချစ်စရာကောင်းလှပါသည်။

လူတွေဟာ ကိုယ့်မွေးရပ်မြေ၌သာ အပျော်ဆုံးဖြစ်ကြ၏။
ငုဝါလည်းဒီလိုပါဘဲ........ကိုယ်ရှင်သန်ခဲ့ရတဲ့ပတ်ဝန်းကျင် နေထိုင်ခဲ့ရသည့်အလေ့အကျင့်တွေကသာ မိမိတို့၏စိတ်ထဲ၌
အမြဲကိန်းအောင်း၍နေလေသည်။



မြင်းခြံရောက်တော့ အိမ်ရှေ့မှာ အရိပ်စင်ထိုးထားပြီး
လူမရှိလောက်ဘူး ထင်ခဲ့ပေမယ့် တကယ့်လက်တွေ့မှာတော့ နာရေးသတင်းလာမေးသူများနှင့် အိမ်ရှေ့ရော အိမ်အထဲရော
ပြည့်လို့နေ၏။

~????????~Where stories live. Discover now