ကိုကို့ကားတောင် ရပ်စရာနေရာမရှိ၍ သူများအိမ်ရှေ့၌
ခွင့်တောင်းပြီး ရပ်ခဲ့ရသည်။လူတွေက ကိုကို့ကိုလည်း မြင်ရော ရုတ်ရုတ်ရုတ်ရုတ်
ဖြစ်ကုန်ကြသည်။ဒါတောင် နာရေးမှာမို့....မင်္ဂလာဆောင်တို့အလှူတို့များဆိုရင် ကိုကို့ကို အမဲဖြတ်သလို ဝိုင်းဖြတ်ကြမလား
မသိဘူး......ဝိုင်းကြည့်နေကြသည့် မျက်လုံးတွေက ကိုကို့ကိုရော
ငုဝါဗိုက်ကိုရော ကြည့်နေကြသည်။ နောက်ပြီး
အာလူးလေးကိုရော.....သားသားကငယ်နေသေးပြီး နောက်တစ်ဗိုက်နဲ့ဆိုတော့
ဒီအတွဲကဲလှသဲလှဆိုသည့် မျက်နှာဘေးတွေနှင့်....နာရေးအိမ်ဟာ ကိုကိုလာလိုက်သည်နှင့် ပိုပြီး စည်စည်ကားကားဖြစ်လို့လာ၏။ တချို့က နာရေးသတင်းမေးချင်တာက
နည်းနည်း.. ...ရုပ်ရှင်မင်းသားဟောင်းကို
ကြည့်ချင်ကြတာကများများ.....ထိုလောကမှ အနားယူတာ
သားသားအသက်နှင့် ထပ်တူဆိုပေမယ့် ကိုကို့၏စန်းပွင့်ပုံကတော့ ပြောမပြတတ်အောင်ပင်။.အခုလည်း ငုဝါတို့ရက်ကွက်တင်မကဘဲ.....ဟိုဘက်ဒီဘက် ရပ်ကွက်တွေကလည်းလာကြတာမို့ နာရေးမှာချသည့် ကွာစေ့ဆေးလိပ် ချိုချဥ် တို့တောင် ချလို့မနိုင်ပေ။
ဦးငယ်၏ ရုပ်အလောင်းကတော့ မူဆယ်ဆေးရုံမှ အအေးပုံးဖြင့် သယ်လာပြီဖြစ်ပြီး မနက်ဖြန် မနက်လောက်မှ
ရောက်မည်ဖြစ်သည်။အရိပ်စင်တည်ထားပြီး လူတွေသိုင်းဝန်းကြပေမယ့်
အလောင်းကတော့မရှိပါ.......တီပိုးမှာ ငုဝါကို မြင်သည်နှင့် ဝမ်းနည်းစွာဖြင့် ဖက်ပြီး
ငိုလေသည်။ဒီအချိန်မှာ အားငယ်နေတာကြောင့် ငုဝါလည်းအားပေးလိုက်၏။ဦးငယ်၏ အင်္ကျီနှင့်ပုဆိုးကို ကုတင်ပေါ်ဖြန့်ခင်းထားပြီး
ရုပ်အလောင်းပုံစံမျိုးသာ လုပ်ထားတာဖြစ်ပြီး
အလောင်းအစ်ကတော့ မရှိသေးပေ။"သမီးရယ်..နေ့စေ့လစေ့ကြီးနဲ့ ဘာလို့လာတာလဲ...."
"မလာလို့ရမလား တီပိုးရဲ့...."

YOU ARE READING
~????????~
Romance. ??????.......???????? ????????..... ???????????? ?????????????????????????????..... ???????? ?????????????????? ?????????????? ??????????????.... ????????????? ?????????????????????.....????????????????????? ??????? ????????????????????????...
part-48
Start from the beginning