သူ့ကိုမြင်ရလျှင် ရင်အေးတာမို့ စားရင် ရင်အေးသည့်
ခရမ်းချဥ်သီးနှင့်ခိုင်းနှိုင်းပြီး သူ့အဘိုးအဘွားက
အိမ်နာမည်ပေးထားတာဖြစ်၏။ သူ့အကိုတွေ အစ်မတွေကတော့ အင်္ဂလိပ်နာမည်ဖြစ်သည့် tomato ဟုခေါ်လေ့ရှိကြသည်။တီပိုးက ဦးငယ်ကိုဝင်စားသည်ဆိုပြီး ခရမ်းချဉ်သီးလေးအား သိပ်ချစ်ရှာသည်။ အကြီးတွေနှင့်ပတ်သတ်လျှင်လည်း
လုံးဝအထိမခံ.....အချစ်ဆုံးဟုလည်း ထုတ်ပြောသေး၏။တစ်နှစ်တစ်ခါ ဦးငယ်အတွက်ရည်စူးပြီး ကုသိုလ်ကောင်းမှုလုပ်ဖို့ မြင်းခြံပြန်လျှင် ခရမ်းချဉ်သီးလေးက ပျော်နေတတ်သည်။
ငုဝါမပါလည်း တီပိုးနှင့် မြေးအဘွားနှစ်ယောက်
အတူတူသွားကြ၏။ကိုကိုက သူ့သမီးအရွယ်လေးနှင့်မလိုက် အေးချမ်းတာကို တော်တော်သဘောကျသည်။ အမြွှာနှစ်ယောက်နှင့်တော့
တကယ့်ကိုတခြားစီပင်။ခရမ်းချဉ်သီးလေးဆယ်နှစ်အရွယ်ကျမှ ငုဝါလက်မောင်းထဲ၌
ထည့်ထားခဲ့သည့်ဆေးကို ထုတ်ခဲ့သည်။ ယူမယ့်ယူတော့လည်း ငါးယောက်ပြည့်အောင်ယူမည်ဟု ဆုံးဖြတ်ကာ
နောက်ထပ်ကလေးထပ်ယူခဲ့ကြ၏။ကံကောင်းသည်ဟု ပြောရလိမ့်မည်။ အငယ်ဆုံးလေးက ယောကျာ်းလေးဖြစ်လေ၏။အခုဆို ငုဝါက သားနှစ်ယောက်အမေ သမီးသုံးယောက်အမေ ဖြစ်လို့နေပြီ။
သားငယ်လေးက ငုဝါနှင့်ပိုတူသည်။
သူ့အဖေလောက်အသားမဖြူဘဲ ငုဝါအသားလို
အလယ်အလတ်ဖြစ်၏။ သားသားနာမည် စစ်မင်းငယ်ဟု ပေးလိုက်ကြသည်။ အိမ်နာမည်ကတော့ ငယ်ငယ်ပေါ့...
.သူ့အဘိုးအဘွားတွေကတော့ အငယ်လေးကို ချစ်စနိုးနဲ့
အာတာလွတ်ကလေးဟု ခေါ်လေ့ရှိသည်။ အကြီးကောင်က အာလူး အငယ်ဆုံးလေးက အာတာလွတ်တဲ့........ငုဝါတို့ သားသမီးတွေလည်း မီးဖိုချောင်ထဲကနေကို
ထွက်မရတော့ပါ။သားသားအာလူး ဆယ့်လေးနှစ်မှာဘဲ ရှင်ပြုနားသ
လုပ်ပေးခဲ့ကြသည်။အလှူကိုတော့ မြင်းခြံမှာ ပြန်လုပ်ဖြစ်ကြ၏။ ရန်ကုန်မှာထက် နယ်မှာ လှူရတာ ပိုအဆင်ပြေတာမို့......

YOU ARE READING
~????????~
Romance. ??????.......???????? ????????..... ???????????? ?????????????????????????????..... ???????? ?????????????????? ?????????????? ??????????????.... ????????????? ?????????????????????.....????????????????????? ??????? ????????????????????????...
Part-50 <End>
Start from the beginning