抖阴社区

                                    

နာမည်ကြီးရုပ်ရှင်မင်းသားဟောင်းကြီး၏ အလှူဆိုတော့
လာလိုက်ကြသည့်လူတွေ......မီးခိုးတိတ်ပင်။

အလှူကူငွေမကောက်ခံဘဲ ကြီးကြီးကျယ်ကျယ် လှူခဲ့ကြသည်။ ဆင်တွေမြင်းတွေ ခြံရံလျက်လည်း အလှူလှည့်ခဲ့ကြ၏။

ကိုကို အလှူမှာ သပိတ်လွယ်ကြီးနှင့် ချောမောနေခဲ့တာကို
ငုဝါအခုထိအာရုံထဲကနေ မြင်ယောင်နေမိသည်။


"ဒေါ်ငုဝါနွယ်......ဘာတွေးတွေးနေတာလည်း....
.ကိုကိုပြောတာကိုရောကြားရဲ့လား..."


"ဟင်..."

ငုဝါတကယ် အတိတ်ကို ပြန်တွေးနေရင်းးနှင့် ကိုကိုပြောတာကို
မကြားလိုက်ပေ။အမှုမဲ့အမှတ်မဲ့သာ....

သူ့စကားကို မကြားတော့ ဒီဂရီမျက်မှန်အောက်က
မျက်ဝန်းတွေဖြင့် ငုဝါကို စူးစူးစိုက်စိုက်ကြည့်လာ၏။.
ဒီအကြည့်ကို သိတာပေါ့....ယောကျ်ားတစ်ယောက်လုံး
ဘေးနားရှိနေတာတောင် ဘာတွေ
အတွေးများနေတာလည်း ဆိုသည့်အကြည့်.....

"ကိုကို ဘာပြောလိုက်တာလဲဟင်..."



"ပြောပါဦး ကိုကို့ထက်အရေးကြီးတာများရှိနေလို့လား...
ကလေးအမေနော်....အိမ်ထောင်သက်တွေ ဒီလောက်အထိ
ကြာပြီးမှ ကိုကို့ကို ပစ်သွားဖို့ စဥ်းစားနေသလား...ဟမ်"



"အယ်.....ဘာတွေပြောနေတာလဲ ကိုကိုရယ်....ငယ်တွေးတာက ကိုကိုနဲ့ငယ့်ရဲ့ ဟိုးငယ်ငယ်က အကြောင်းတွေရယ်...
သားသမီးတွေအကြောင်းရယ်ကို စဥ်းစားနေတာပါ..."


ကိုကို့မေးဖျားကို နမ်းပြီးပြောတော့ လူကြီးလူကောင်းကြီးက
ပြုံးဟန်ပြုလာပါသည်။ အသက်လေးဆယ်ကျော်ပြီဖြစ်သည့် ကိုကိုက အသက်အရွယ်အရ မျက်မှန်တပ်ရပြီး
ရင့်ကျက်လာရုံကလွဲ၍ နဂိုချောမောမှုတွေက ပျောက်ကွယ်၍
မသွားပါ.......

အိမ်ထောင်ဦးစီးကြီးက အရင်လိုမဟုတ်ဘဲ
ပုဆိုးနှင့်ရှပ်အင်္ကျီကိုသာ ဝတ်ပြီး ခန့်ညားထည်ဝါစွာ
ချောမောလို့နေ၏။....

အင်း.....ဒါ့ကြောင့်လည်း တက်သစ်စမင်းသမီးလေးတွေက
တဦးထဲဦးနေကြတာပေါ့လေ......ကိုကိုက
ရှောင်တတ်တိမ်းတတ်လို့သာ.....အခုအသက်မပြည့်သေးသည့်
မနူးမနပ်လေးတွေကတော့ ကိုကို့ကို ကြံချင်ကြသေးသည်။.

You've reached the end of published parts.

? Last updated: Jul 13, 2024 ?

Add this story to your Library to get notified about new parts!

~????????~Where stories live. Discover now