抖阴社区

                                    

ရီဆွန်းသည် ခေါင်းကိုမော့ပြီး ဆျာဟျွန်း၏ပြုံးရိပ်သန်းနေသောမျက်လုံးတွေကို တည့်တည့်ကြည့်လိုက်သည်။

"ဟင့်အင်း ဘာမှပြောစရာမရှိဘူး။လက်ဆွဲနှုတ်ဆက်စရာလည်း လိုမယ်မထင်ဘူး"

"ဟုတ်ပါ__"

"နှုတ်ဆက်ခဲ့ပါတယ်"

ရီဆွန်းသည် ဆာဟျွန်းနံဘေးမှလျှောက်သွားလိုက်သည်။ခြေလှမ်းအနည်းငယ်ပဲ လှမ်းရသေးချိန်တွင် ပိတ်ရပ်ခံလိုက်ရသည်။ဆျာဟျွန်းသည် တစ်လှမ်းလောက်ဆုတ်ပြီး ရီဆွန်းရှေ့ကြော့မော့စွာ ရပ်လေသည်။မျက်နှာက ပြုံးနေသော်ငြား လက်ဆွဲနှုတ်ဆက်ဖို့ ငြင်းလိုက်သည်က သူ့ကို အတော်လေး စိတ်အနှောင့်အယှက်ဖြစ်သွားစေလောက်တာ ဖြစ်မည်။

"အကျိုးအကြောင်းနားထောင်ပြီးရင် ထွက်သွားပေးမယ်"

"စိတ်မဝင်စားဘူးလို့ HNနေနေ လက်ရွေးစင်အသင်းဖြစ်နေနေ။ပိုက်ဆံ၊အိမ်၊အလုပ်အကိုင်အခွင့်အလမ်း ဘာမှစိတ်မဝင်စားတာမလို့ ကျေးဇူးပြုပြီး တစ်ယောက်တည်း လွှတ်ထားပေးပါလား"

"ဒါဆို ခင်ဗျားစိတ်ဝင်စားတာပြောပြလေ ဘာပဲလိုလို အကုန်လုပ်ပေးနိုင်တယ်"

"အခုတော့ အရင်ဖယ်ပေးပါလား ပြီးတော့ ထပ်လဲလာမရှာပါနဲ့"

ဆျာဟျွန်းမျက်နှာထက် အပြုံးတစ်ပွင့်ထပ်ပေါ်လာပြန်သည်။ဖယ်ပေးဖို့ရည်ရွယ်ချက်မရှိတာ အသိသာကြီးပင်။ရီဆွန်းသည် မျက်မှောင်သာသာကြုတ်ရင်းနဲ့မှ စကားဟရန်ပြင်လိုက်ရတော့သည်။

"ဘာဖြစ်လို့ ကျွန်တော်ကို အဖွဲ့ထဲဝင်စေချင်တာလဲ"

"သိချင်လို့လား။ စာချုပ်မှာလက်မှတ်ထိုးရင် ပြောပြမယ်"

"သွားတော့မယ်"

"နောက်နေတာမဟုတ်ဘူး။အတည်ပြောနေတာ တကယ်။အကြောင်းပြချက်ကိုအခုပြောရင်တောင် ခင်ဗျားက ပါးစပ်ကြီးပိတ်နေအုံးမှာဆိုတော့ ရွေးချယ်စရာမရှိဘူးလေ"

ဆျာဟျွန်းသည် ဘေးဖက်သို့ရှောင်ထွက်ရန်ပြင်နေသည့် ရီဆွန်းနောက်လိုက်ရန် သူ့ကိုယ်အပေါ်ပိုင်းကို အသင့်စောင်းထားသည်။အမူအရာက သဘောတူပေးဖို့ရာတောင်းဆိုနေဟန်ပေါက်သော်ငြား ထိုလူသဘောတိုင်း
မတုံ့ပြန်မိအောင် သူ့စိတ်သူထိန်းထားလိုက်သည်။ဆာဟျွန်းကိုယ်တိုင်လာကမ်းလှမ်းသည်ကိုက ကောင်းတာမရှိဟု သူထင်သည်။

?? ?? [A Trace of the Wonder]  Where stories live. Discover now