ရီဆွန်းသည် နောက်ကို တစ်လှမ်းဆုတ်လိုက်သည်။ဆာဟျွန်းသည် ချက်ချင်းဆိုသလို လိုက်လှမ်းသည်။သူထွက်ပြေးချင်ပေမဲ့ ဆျာဟျွန်း၏စွမ်းအားကိုတွေးမိတော့ အသုံးမဝင်ပါ။
ဆျာဟျွန်း၏စွမ်းအားသည် အရိပ်ဖြစ်သည်။
သူသည် သူ၏အရိပ်ကို ကာယကြံ့ခိုင်မှုနှင့်တွဲသုံးနိုင်ပြီး လှုပ်ရှားမှုကို ထိန်းချုပ်နိုင်သည်။အရိပ်စွဲကပ်မှုဟုဆိုနိုင်သော်ငြား အရိပ်၏စွမ်းအားက အရာဝတ္ထုများကို ဆာဟျွန်းလက်ထဲရောက်အောင်လုပ်ပေးနိုင်သည်။အဆင့်ပေါ်မူတည်၍ အရိပ်ထဲအဖမ်းခံလိုက်ရသောအရာသည် ပျက်စီးရင်ပျက်စီး မဟုတ်ရင် လုံးဝပျောက်ကွယ်သွားမှာဖြစ်သည်။
အရိပ်က ညရောက်လေစွမ်းအားပိုကောင်းလေဖြစ်၍ ရီဟျွန်းသည် ပိုမိုအားကြီးလာမှာဖြစ်သည်။အရိပ်နက်ကို ဓားထက်ထက် တစ်စင်းအဖြစ်လည်း ပြောင်းနိုင်လေသည်။သူသာ ထွက်ပြေးဖို့ကြိုးစားလျှင် ခဏလေးနဲ့ဖမ်းမိသွားမှာဖြစ်သည်။မဟုတ် ခဏလေးမပြောနဲ့ တစ်လှမ်းတလေလောက်ပင် မပြေးနိုင်လောက်ချေ။
ယခုအခါ နေဝင်သွားပြီဖြစ်ရာ ရီဆွန်းနှင့်ဆျာဟျွန်းအနီးရှိ အဆောက်အဦးအရိပ်က ပိုကျလာလေ ဆျာဟျွန်းက ပိုသန်မာလာလေဖြစ်သည်။
"ဒီအထိလာလိုက်ရတာကို အားနာပေမဲ့ အဖွဲ့လိုက်လှုပ်ရှားမှုတွေကို လုပ်မှာမဟုတ်ဘူး"
ရီဆွန်းတစ်ယောက်သက်ပြင်းမောချရင်း နောက်ဆုံး စကားကုန် ပြောလိုက်သည်။"လက်ရွေးစင်အဖွဲ့က လှုပ်ရှားမှုတွေက HNနဲ့ မရောဘူး သက်သက်စီ"
"ကျွန်တော်ပြောတာက လူထင်ပေါ်တဲ့အလုပ်တွေမလုပ်ဘူးလို့။ခင်ဗျားအနားနေတာနဲ့ အာရုံစိုက်ခံရမှာ ကျိန်းသေတယ်။အဲဒါကို မကြိုက်တာ။ဒါပေမဲ့ လူတွေမမြင်တဲ့ တိတ်ဆိတ်တဲ့နေရာမှာ လုပ်ခိုင်းမယ်ဆိုရင်တော့ စဥ်းစားကြည့်ပေးမယ်"
ရီဆွန်းသည် ဆျာဟျွန်း၏ခန့်မှန်း၍မရသော မျက်နှာကို စိုက်ကြည့်လိုက်သည်။
"ကြည့်ရတာ အဲလိုအလုပ်မျိုးကို မကမ်းလှမ်းနိုင်ဘူးထင်တယ်။ဒါဆို ကျွန်တော် သွားပြီ"

YOU ARE READING
?? ?? [A Trace of the Wonder]
ActionOriginal Author- ??? Translator - ZEIN_Grain ???????????????????????????????? ????????????? HN ????????????????????? S ????? ?????????? ???????????? ??????????????????????????? " ????????? ?????????? ??????????????? ????????????" " ?????????...
???????(?)
Start from the beginning