抖阴社区

                                    

ကြမ်းပြင်ကို သန့်ရှင်းရေးလုပ်ပြီးနောက် ရီဆွန်းသည်မနေ့ညက ဟင်းအကျန် များကို ပြန်နွေးလိုက်သည်။အသင့်စားအစားအသောက်များသည် ပြန်နွေးလျှင် အရသာက ပြယ်သွားတတ်သော်လည်း ရီဆွန်းသည်ကား စားနေတုန်းပင်။သို့သော် တစ်လုတ်နှစ်လုတ်စားပြီးနောက် အမှိုက်ပုံးထဲ အကုန်ပစ်လိုက်တော့သည်။

ရီဆွန်းသည် အမူအရာကင်းမဲ့နေသောမျက်နှာနှင့် လှည့်လိုက်သည်။ မျက်နှာထက် ခံစားချက်အကုန်ပုန်းကွယ်နေကာ ခွဲခြား၍မရနိုင်အောင် ဖြစ်သည်။

"အားလုံးလာကြပါအုံး မနေ့က နောက်ထပ်ဆေးတစ်မျိုးဝယ်လာတာကွာ အာနိသင်နည်းနည်းရှိမယ်ထင်တာပဲ"

ရီဆွန်းသည် ဧည့်ခန်းအလယ်ရှိ ဆိုဖာထက် ထိုင်လိုက်သည်။တစ်အိမ်လုံးကို လှည့်ပတ်သွားလာနေသော ဧည့်ခန်းထဲရှိအရာများသည် ဟိန်းဟောက်သည့်အသံနှင့်သာ တုံ့ပြန်ကာ သူ့အနီးသို့စုလာကြသည်။ရီဆွန်းသည် အနီးဆုံးလက်မောင်းကို ဆုပ်ကိုင်ကာ သူ့အနားထိုင်စေလိုက်သည်။ထိုသူသည် အေးစက်ပြီးမာတောင့်နေသည်မှာ အပင်အိုကြီးတစ်ပင်အလား။

အနှီ ၆ယောက်သောသူတို့သည် လူသားတစ်ယောက်၏အသွင်အပြင်ရှိသော်ငြား 'လူ'ဟုခေါ်ဆိုရန်မသင့်ဟန် ထူးဆန်းနေသည်။ထိုင်းမှိုင်းသည့်အကြည့် သွေးမရှိဟုထင်ရအောင်ဖြူဆွတ်နေသော ခန္ဓာနှင့်ဖြစ်သည်။မည်သို့ပင်ဆိုစေ ထိုသူတို့သည် ရီဆွန်း၏သူငယ်ချင်းများဖြစ်သကဲ့သို့ ဒီနေရာတစ်ခုလုံးကို လှည့်ပတ်သွားလာနေသည့်အပြင် ရံဖန်ရံခါ ခြောက်ခြောက်ကပ်ကပ်အသံကဲ့သို့သော ထူးထူးဆန်းဆန်းအသံများကို ပြုလုပ်တတ်သေးသည်။သူတို့သည် ရီဆွန်းနှင့် အတူနေသည်မှာ တစ်နှစ်ခန့်ရှိနေပြီဖြစ်သည်။

သူတို့သည် သေသွားခဲ့ပြီဖြစ်သည်။သို့သော် ရီဆွန်းက သူတို့ကို အသက်ပြန်သွင်းထားတာဖြစ်သည်။

အရာအားလုံးက ဒုတိယအကျဥ်းတိုက်ကြီးအတွင်းမှာ ဖြစ်ပျက်သွားခဲ့တာပင်။ထိုအကျဥ်းတိုက်သည် Sအဆင့် မဟုတ်ခဲ့ပေမဲ့ အကျိုးသက်ရောက်မှုက ပြင်းထန်ခဲ့၍ Sအဆင့်ဟုခေါ်ခဲ့ကြသည်။

၎င်းသည် ကိုးရီယား၌ ပထမဆုံးပေါ်ခဲ့သော ကွင်းဆက်အကျဥ်းတိုက်ပင်။Cအဆင့်ကို ရှင်းပြီးခါမှာပင် ABအဆင့်က ရုတ်တရက်ပေါ်လာခဲ့တာဖြစ်သည်။

?? ?? [A Trace of the Wonder]  Where stories live. Discover now