အကျဥ်းတိုက်အတွင်းသို့ လိုအပ်သောပြင်ဆင်မှုများ
မလုပ်ဘဲ ဝင်ခြင်းက သေကြောင်းကြံသည်နှင့်မခြားပေ။ ဝင်ပေါက်ပွင့်ချိန်က အနီးနားတွင် အမဲလိုက်သူဟူ၍
ရီဆွန်း၏သူငယ်ချင်းများနှင့် သူတို့နောက်လိုက်လာသည့် ဟွန်ရှင်းအဖွဲ့အစည်းခေါင်းဆောင်သာရှိသည်။မျက်စိတစ်မှိတ်အတွင်း လူသေအလောင်းများက နေရာအနှံ့ ပြန့်ကျဲနေခဲ့သည်။ရီဆွန်းသည် ရှည်ရှည်ဝေးဝေး
မစဉ်းစားနိုင်တော့ဘဲ သူ့သူငယ်ချင်းတွေ၏လက်ကိုသာ တင်းတင်းကိုင်ကာ အကျဉ်းတိုက်အတွင်း ကသုတ်ကရက်ပြေးတော့သည်။
သူသည် ပြန်လည်ထိန်းသိမ်းပြုပြင်သူအနေဖြင့်သာ အလုပ်လုပ်ဖူးခဲ့ပြီး အကျဉ်းတိုက်ဝင်ပေါက်အနားကို ရောက်ဖူးသည်ပင် ကြုံတောင့်ကြုံခဲဖြစ်ရာ အကျဉ်းတိုက်အတွင်းဝင်ဖို့ကို မဆိုထားနှင့်တော့။"ဟား တောင့်ထားကြ ခဏလောက်ပဲ ထပ်ပြီး!"
"အကျဉ်းတိုက်ပိတ်တာနဲ့ တခြားတစ်ခုပေါ်လာတာ ဒါပထမဆုံးပဲ။မကြာခင် အဖွဲ့အစည်းကြီးတွေ လှုပ်ရှားမှာပဲ။အဲအထိပဲ သည်းခံထားပြီး ဂုံးဒယ်အဖွဲ့ဝင်လာတဲ့အထိပဲ အသက်ရှင်အောင်လုပ်ရင်ရပြီ"
သူငယ်ချင်းနှစ်ယောက်က ရီဆွန်းစိတ်ငြိမ်အောင်ကြိုးစားနေပေမဲ့ သူကြောက်သည်ထက် သူတို့က ပိုဆိုးနေသည်ကို ရိပ်မိလိုက်၍ ခေါင်းကိုသာ ပိုသာသာငြိမ့်ပြလိုက်မိသည်။အကျဉ်းတိုက်အတွင်းဆွဲသွင်းခံလိုက်ရသည့် ၈၀%လောက်က သေကုန်ပြီဖြစ်သည်။သူငယ်ချင်းထဲက နှစ်ယောက်က သူ့ကို ကာကွယ်ပေးနေတုန်း ကျန် ၄ ယောက်က အခြားအသက်ရှင်ကျန်နေသည့်သူများကို ကာကွယ်ပေးဖို့ကြိုးစားနေကြသည်။
ပထမအကျဉ်းတိုက်တုန်းက Cအဆင့်ဖြစ်ခဲ့၍ ဒီတစ်ခုကိုလည်း Cအဆင့်ဖြစ်မည်ဟု ထင်ခဲ့ကြသည်။သို့သော်
တကယ့် အကျဥ်းတိုက်အတွင်း အတွေ့အကြုံရှိထား
သည့် သူငယ်ချင်း ၆ယောက်အုပ်စုအတွက်ပင် ဧရာမ သားရဲကြီးများကို သုတ်သင်ရန် ခက်ခဲနေခဲ့သည်။အမှန်မှာ ထွက်ပြေးဖို့တောင် အနိုင်နိုင်ဖြစ်နေခဲ့တော့သည်။ဟွန်ရှင်း၏ခေါင်းဆောင်သည် သားရဲအစာဖြစ်သွားသည်မှာ ကြာပြီဖြစ်သည်။ကိုယ်ပျောက်ဆေးရည်သောက်ထားတဲ့သူဆိုလို့ သူသာရှိတာတောင်မှပင်။ဆေးရည်က အလယ်အလတ်အဆင့်အောက် ဖြစ်၍ အရိပ်ကို မဖုံးပေးနိုင်ခဲ့တာကြောင့် အသတ်ခံရသည်ကနေ မလွတ်မြောက်ခဲ့ပေ။

YOU ARE READING
?? ?? [A Trace of the Wonder]
ActionOriginal Author- ??? Translator - ZEIN_Grain ???????????????????????????????? ????????????? HN ????????????????????? S ????? ?????????? ???????????? ??????????????????????????? " ????????? ?????????? ??????????????? ????????????" " ?????????...
???????(?)
Start from the beginning